
ဩစတြေးလျနိုင်ငံမှာ ကီလိုမီတာ ၃,၀၀၀ (၁,၈၆၄ မိုင်) ကျော် မောင်းနှင်ရမယ့် ခရီးရှည် နေစွမ်းအင်သုံး ဆိုလာကားပြိုင်ပွဲကို ဩဂုတ် ၂၄ ရက်က စတင် တာလွှတ်ခဲ့ပါတယ်။
၂၀၂၅ ဘရစ်ဂျ်စတုန်း ကမ္ဘာ့ဆိုလာစိန်ခေါ်ပွဲရဲ့ တစိတ်တပိုင်းအနေနဲ့ ဒီပွဲစဉ်ကို ကျင်းပတာ ဖြစ်ပါတယ်။
ဩစတြေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေ၊ ဒါဝင်မြို့မှာ ၂၄ ရက်နေ့က စတင်တာထွက်ပြီးတော့ နိုင်ငံတောင်ပိုင်း အက်ဒါလေ့ဒ်မြို့မှာ ၂၈ ရက်နေ့ ပန်းဝင်ရမှာပါ။
ဒီပွဲမှာ ကမ္ဘာတဝန်းက အဆင့်အမြင့်ဆုံး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတပ်ကားတွေ ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
ငါးဆူးတောင်တွေနဲ့တူတဲ့ ဆိုလာပြားတွေ တပ်ထားတဲ့ ကားတွေကြောင့် “ဆူးတောင်တိုက်ပွဲ” လို့ ထင်ရှားတဲ့ ဒီကားပြိုင်ပွဲကို ၁၉၈၇ ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး ၃၂ နှစ်တာအတွင်း ၁၅ ကြိမ်တိတိ ကျင်းပနိုင်ခဲ့ပါတယ်။
Source: Reuters