Home
အားကစား
အာဆီယံချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာအမျိုးသမီးအသင်းနှင့် သြစတြေးလျ ယူ-၂၃ တွေ့ဆုံ 
DVB
·
August 17, 2025
Photo: MFF

ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာအမျိုးသမီးအသင်းက သြစတြေးလျ ယူ-၂၃ လူငယ် အမျိုးသမီးအသင်းနဲ့  လာမယ့် ဩဂုတ် ၁၉ ရက်မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ မြန်မာအမျိုးသမီးအသင်းက ထိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့တာ ဖြစ်သလို သြစတြေးလျ ယူ-၂၃  အသင်းကလည်း အိမ်ရှင် ဗီယက်နမ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်လာတာပါ။

မြန်မာအမျိုးသမီးအသင်းနဲ့  သြစတြေးလျ ယူ-၂၃ အသင်းတို့ဟာ ဒီပြိုင်ပွဲမှာ အုပ်စုတစုတည်း ကျခဲ့ပြီး အုပ်စုတွင်းပွဲစဉ်မှာတော့ မြန်မာအသင်းက  သြစတြေးလျ ယူ-၂၃ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းမှာတော့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ဗိုလ်လုပွဲကို ၆ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်က စတင်ခဲ့တဲ့ အာဆီယံအမျိုးသမီးပြိုင်ပွဲသမိုင်းမှာ မြန်မာအမျိုးသမီးအသင်းက ၂ ကြိမ်ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး ဗိုလ်လုပွဲကို ၆ ကြိမ်မြောက် တက်ရောက်လာခဲ့တာပါ။

မြန်မာအမျိုးသမီးအသင်းဟာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ၂၀၀၄ ပြိုင်ပွဲမှာပဲ ပထမဆုံးချန်ပီယံဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဒုတိအကြိမ် ချန်ပီယံဖြစ်ခဲ့တာပါ။ 

အဲဒီ နောက် ၂၀၁၁၊ ၂၀၁၂ နဲ့ ၂၀၁၅ ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ၃ ကြိမ် တက်ခဲ့ပေမဲ့ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာပါ။ အခုနှစ် ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တာက ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013