
လူသတ်မှု ၃ ခုနဲ့ တရားစွဲခံထားရတဲ့ ဩစတြေးလျ အမျိုးသမီးဟာ သူ့ရဲ့ ယောကျ်ားကိုလည်း အဆိပ်ခတ်သတ်ဖို့ ကြံရွယ်တဲ့အကြောင်း တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
အသက် ၅၀ အရွယ်ရှိ အီရင်ပတ်တာဆန်ဟာ သူတို့သမီးဖုတ်ပေးတဲ့ ကွတ်ကီးတွေလို့ ပြောပြီး ခင်ပွန်းဟောင်းဖြစ်သူကို အစာကျွေး အဆိပ်ခတ်သတ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဒီ ဩစတြေးလျအမျိုးသမီးဟာ ပြီးခဲ့တဲ့လက မှိုကျွေးပြီး အမျိုးသား ၃ ယောက်ကို သတ်ခဲ့တယ်လို့ တွေ့ရှိခဲ့ပြီး နောက်တယောက်ကိုလည်း သတ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဒီအမျိုးသမီးဟာ ခင်ပွန်းဟောင်းဖြစ်တဲ့ ဆိုင်မွန်ပတ်တာဆန်ကို သတ်ဖို့ ၃ ကြိမ် ကြိုးစားခဲ့ဖူးပြီး အထောက်အထား မခိုင်လုံလို့ အရေးယူမခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီတုန်းက ပတ်တာဆန်က ငြင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီး စွပ်စွဲမှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပထမဆုံးအကြိမ် လူသိရှင်ကြား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မှိုကျွေးပြီးသတ်တဲ့အမှုဟာ ၂၀၂၃ ဇူလိုင် ၂၉ ရက် နေ့လယ်စာ စားပြီးချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ကာ လူ ၃ ယောက် ဆေးရုံမှာ သေဆုံးခဲ့ပြီး သေဘေးကနေ တယောက်ပဲ လွတ်မြောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က တရားရုံးကြားနာမှုတွေမှာ မစ္စတာပတ်တာဆန်က သူ့ကို အစာကျွေးပြီးသတ်ဖို့ သံသယရှိခဲ့တယ် ဆိုတဲ့အကြောင်း အပြည့်အစုံ ထွက်ဆိုခဲ့ပါတယ်။
Source: Reuters