
ဗီယက်နမ်နိုင်ငံမှာ လက်ခံကျင်းပတဲ့ အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက သြစတြေးလျ-ယူ ၂၃ အသင်းနဲ့ စတင်ယှဉ်ပြိုင်သွားရမှာပါ။
မြန်မာအမျိုးသမီးအသင်းဟာ သြဂုတ် ၄ ရက်က ပြိုင်ပွဲကျင်းပမယ့် ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၇ ရက်မှာ သြစတြေးလျ ယူ- ၂၃ အသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာပါ။
မြန်မာအသင်းပါဝင်တဲ့ အုပ်စု B မှာ ဖိလစ်ပိုင်၊ သြစတြေးလျ ယူ -၂၃ နဲ့ အရှေ့တီမော အသင်းတွေ ပါဝင်ပါတယ်။
တဖက်အုပ်စု A မှာတော့ အိမ်ရှင် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား အသင်းတွေ ပါဝင်ပါတယ်။
အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ အုပ်စုပထမနဲ့ ဒုတိယအသင်းတွေက ဆီမီးဖိုင်နယ် ကစားသွားရမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းကို ဂျပန်နည်းပြ တက်ဆူရိုယူကီက တာဝန်ယူနေပြီး ပြီးခဲ့တဲ့လပိုင်းက ကစားခဲ့တဲ့ အာရှခြေစစ်ပွဲမှာ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးကို ရှုံးနိမ့်ခဲ့တာကြောင့် အာရှဖလား ယှဉ်ပြိုင်ကစားခွင့်နဲ့ ဝေးကွာခဲ့ရပါတယ်။