Home
အားကစား
အာရှအမျိုးသမီး ယူ ၂၀ ခြေစစ်ပွဲတွင် မြန်မာက အိန္ဒိယ၊ အင်ဒို၊ တာ့မန်နစ္စတန်တို့နှင့် တွေ့ဆုံ
DVB
·
August 4, 2025
Photo: MFF

ရန်ကုန်မြို့မှာ လက်ခံကျင်းပသွားမယ့် အာရှအမျိုးသမီး ယူ ၂၀ ခြေစစ်ပွဲမှာ မြန်မာအသင်းက အိန္ဒိယ၊ အင်ဒိုနီးရှား၊ တာ့မင်နစ္စတန်အသင်းတွေနဲ့ တွေ့ဆုံနေပါတယ်။

လာမယ့် သြဂုတ် ၆ ရက် စတင်မယ့် အာရှခြေစစ်ပွဲမှာ မြန်မာအသင်းပါဝင်တဲ့ အုပ်စု D ပွဲစဉ် ၆ ပွဲကို ရန်ကုန်က သုဝဏ္ဏကွင်းမှာ လက်ခံကျင်းပသွားမှာပါ။

အမျိုးသမီး အာရှယူ ၂၀ ခြေစစ်ပွဲမှာ အုပ်စု ၈ ခု ခွဲခြားထားပြီး အုပ်စုပထမ ၈ သင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယ ၃ သင်းသာ ခြေစစ်ပွဲအောင်မြင်မှာပါ။

မြန်မာယူ ၂၀ အမျိုးသမီးအသင်းက သြဂုတ် ၆ ရက်မှာ တာ့မင်နစ္စတန်နဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး သြဂုတ် ၈ ရက်မှာ အင်ဒိုနီးရှား၊ သြဂုတ် ၁၀ ရက်မှာ အိန္ဒိယအသင်းတွေနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်က စတင်ပြီး ယူ ၁၉ ပြိုင်ပွဲအဖြစ် ၂ နှစ်တကြိမ်နဲ့ စတင်ခဲ့တဲ့ အာရှအမျိုးသမီးပြိုင်ပွဲမှာ မြန်မာယူ ၁၉ အသင်းက ၄ ကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၄ ကြိမ်စလုံး အုပ်စုအဆင့်တွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013