
၂၀၂၅ Xplorer ဆုရတဲ့ လူငယ်သိပ္ပံပညာရှင် အယောက် ၅၀ စာရင်းကို ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဆုရသူတွေထဲက ၉ ယောက်က အမျိုးသမီးတွေဖြစ်ပြီး ဆုသမိုင်းတလျှောက် အမြင့်ဆုံး အရေအတွက် ဖြစ်ပါတယ်။
ဂုဏ်ထူးဆောင်ဆုရရှိသူ ၆ ယောက်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း မွေးဖွားခဲ့ပြီး သုတေသနအဖွဲ့အစည်း ၈ ခုကနေ ပထမဆုံးအကြိမ် အောင်မြင်သူတွေပါ။
ကိန်းဂဏန်းနှစ်ခုလုံးက မျိုးဆက်သစ် သုတေသီတွေ ထွန်းကားလာတာကို ထင်ဟပ်စေပါတယ်။
အခြေခံသိပ္ပံနဲ့ နယ်နိမိတ်နည်းပညာဆိုင်ရာ လူငယ်စွမ်းရည်တွေအတွက် တရုတ်နိုင်ငံရဲ့ ဂုဏ်သိက္ခာအရှိဆုံး ရန်ပုံငွေပရိုဂရမ်တခုဖြစ်တဲ့ Xplorer Prize အစီအစဉ်ကို ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့တာပါ။
အောင်မြင်သူတိုင်းဟာ ၅ နှစ်အတွင်း ယွမ် ၃ သန်း (အမေရိကန်ဒေါ်လာ ၄၂,၀၀၀ လောက်) ရမှာဖြစ်ပြီး သူတို့ရဲ့ သုတေသနအတွက် ရန်ပုံငွေတွေကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့် အပြည့်အဝရမှာလည်း ဖြစ်ပါတယ်။
ဒီဆုဟာ လွန်ခဲ့တဲ့ ၇ နှစ်အတွင်း သိပ္ပံပညာရှင် ၃၄၇ ယောက်ကို နယ်နိမိတ် ချဲ့ထွင်စေပြီး ဆန်းသစ်တီထွင်မှုကို တွန်းအားပေးဖို့ အားပေးခဲ့ပါတယ်။
Source: Reuters