
မြောက်ကိုရီးယားဟာ တိုက်ခိုက်ရေးဒရုန်းနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို လျင်လျင်မြန်မြန် တုံ့ပြန်ကာကွယ်နိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် ၂ မျိုးကို ဩဂုတ် ၂၄ ရက်က စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။
ဝေဟင်ပစ်မှတ်တွေကို လျင်လျင်မြန်မြန် တုံ့ပြန်နိုင်တယ်ဆိုတဲ့ ဒီစနစ်တွေ စမ်းသပ်တာကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုယ်တိုင် ကြီးကြပ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်တို့ ဩဂုတ် ၂၅ ရက်မှာ မတွေ့ဆုံမီ အခုလို စမ်းသပ်ပြခဲ့တာလည်း ဖြစ်ပါတယ်။
အခုလအစောပိုင်းကလည်း အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားအပေါ် ရန်အလိုဆုံး ထိပ်တိုက်ရင်ဆိုင်မှုအရှိဆုံးလုပ်ရပ် ဖြစ်တယ်လို့ ကင်မ်ဂျုံအန်းက ရှုတ်ချခဲ့ပြီး နျူလက်နက်အင်အားဖြည့်မှု အရှိန်မြှင့်မယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။
Source: Reuters