Home
နိုင်ငံတကာ
ချီကာဂိုတွင် တပ်ဖြန့်မည့် ထရမ့်ပ်အစီအစဉ် အာဏာအလွဲသုံးစားမှုဟု အီလီနွိုက် အုပ်ချုပ်ရေးမှူး ဝေဖန် 
DVB
·
August 24, 2025
Photo: Daniel Cole/Reuters

ချီကာဂိုမှာ တပ်တွေ ဖြန့်ထားဖို့ စီစဉ်တဲ့ အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ အစီအစဉ်က အာဏာကို အလွဲသုံးစားလုပ်တာဖြစ်ကြောင်း အီလီနွိုက်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဝေဖန်ခဲ့ပါတယ်။ 

သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ အစီအစဉ်နဲ့ ချီကာဂိုမှာ မူခင်းတွေ၊ အိမ်ခြေရာမဲ့တွေ၊ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို ကိုင်တွယ်ဖို့ ပင်တဂွန်က စစ်တပ်ချထားဖို့ စီစဉ်နေတာပါ။ 

ဝါရှင်တန်ဒီစီမှာ စစ်သား ၂၀၀၀ ချထားပြီးနောက် ချီကာဂိုနဲ့ နယူးယော့ခ် စတဲ့ ဒီမိုကရက်တွေ အုပ်ချုပ်တဲ့ နေရာတွေကိုပါ စစ်တပ်ချထားဖို့ ထရမ့်ပ်က ပြောဆိုခဲ့တာပါ။ 

ဒီသတင်းနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ကို ရိုက်တာသတင်းဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုထားပေမဲ့ ချက်ချင်းတုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ 

ထရမ့်ပ်က ဝါရှင်တန်ကနေ ချီကာဂိုအထိ မှုခင်းနှိမ်နှင်းမှုတွေကို ချဲ့ထွင်လုပ်ဆောင်မယ်လို့ သောကြာနေ့က ပြောဆိုထားပါတယ်။ 

ဒါဟာ ဒီမိုကရက်စ်တွေ အုပ်ချုပ်ရေးမှူးအဖြစ် အုပ်ချုပ်တဲ့ နောက်ထပ်မြို့တမြို့ကို စစ်တပ် တပ်ဖြန့်ထားမှု တိုးချဲ့တာပဲဖြစ်ပါတယ်။ 

ထရမ့်ပ်ကတော့ ချီကာဂိုမှာရှိတဲ့ သူ့အား ထောက်ခံသူတွေက အဲ့ဒီနေရာကို လာရောက်ကူညီဖို့ တောင်းဆိုထားတယ်လို့လည်း  ပြောထားပါတယ်။ 

ဝါရှင်တန်လိုပဲ ချီကာဂို မြို့တော်ဝန်က လူသတ်မှု၊ သေနတ်ကိုင် အကြမ်းဖက်မှုတို့ဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီး ကျဆင်းလာတယ်လို့ ပြောပါတယ်။ 

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024