
ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ပွဲမှာ ချဲလ်ဆီးအသင်းက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဝက်စ်ဟမ်းအိမ်ကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ အိမ်ရှင်အသင်းက ပွဲအစ ၆ မိနစ်မှာ ဦးဆောင်ဂိုးအရင်သွင်းခဲ့တာပါ။
ဒါပေမဲ့ ချယ်လ်ဆီး တိုက်စစ်မှူး ပက်ဒရိုက ပွဲချိန် ၁၅ မိနစ်မှာ ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီဂိုးသွင်းပြီး ၂ မိနစ်အကြာမှာ ဝက်စ်ဟမ်းက ဂိုးရခဲ့ပေမဲ့ လူကျွံနေတဲ့အတွက် ပယ်ဖျက်ခံခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ ဧည့်သည် ချဲလ်ဆီးအသင်းအတွက် နီတိုက ၂၃ မိနစ်၊ အန်ဇိုဖာနန်ဒက်ဇ်က ၃၄ မိနစ်၊ ကိုင်စီဒိုက ၅၄ မိနစ်နဲ့ ခါလိုဘားက ၅၈ မိနစ်တွေမှာ ဂိုးတွေသွင်းပြီး ချဲလ်ဆီးကို အနိုင်ရစေခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်ရာသီအစမှာ ၂ ပွဲကစားပြီး ၄ မှတ်ရရှိထားပြီ ဖြစ်ပါတယ်။
Photo: Reuters