
ချဲလ်ဆီးအသင်းဟာ အခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ကစားသမား ရောင်းချမူကနေ ပေါင် သန်း ၂၅၀ ကျော် ရရှိထားပါတယ်။
နောက်ခံလူ ရီနာတိုဗီဂါကို ဗီလာရီးယဲလ်ဆီ ပေါင် ၂၆ သန်းနဲ့ ရောင်းချဖို့ သဘောတူခဲ့ပြီးနောက်မှာ ကစားသမား ၁၁ ယောက် အထိ ချဲလ်ဆီးလ်အသင်းက ရောင်းထုတ်လာခဲ့တာပါ။
ပေါ်တူဂီနောက်ခံလူဟာ မနှစ်က ရာသီကမှ ဘေဆယ်ကနေ ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၁ နှစ် အတွင်းမှာ ပေါင် ၁၄ သန်းအထိ ချဲလ်ဆီးအသင်းက အမြတ်ငွေရရှိခဲ့တာပါ။
ချဲလ်ဆီးဟာ ကစားသမား ခေါ်ယူမှုအတွက် ပေါင် ၂၇၇ သန်း အသုံးပြုထားပြီး နီကိုလပ်ဂျက်ဆင်၊ အန်ကမ်ကူ၊ စတာလင်၊ ဘင်ချီဝဲလ် အစရှိတဲ့ ကစားသမားတွေကိုလည်း ရောင်းချဖို့ ဆွေးနွေးနေပါတယ်။
ကစားသမားအင်အား ထပ်မံအားဖြည့်ဖို့ ရှိနေပြီး မန်ယူက ဂါနာချို၊ လိုက်ပ်ဇစ်က ဇာဗီဆီမွန် တို့ကို ခေါ်ယူသွားဖို့လည်း ဆွေးနွေးနေပါတယ်။