
ချဲလ်ဆီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကရရှိတဲ့ ဆုကြေးတချို့ကို ကွယ်လွန်သူ လီဗာပူး ကစားသမား ဒီယေဂိုဂျိုတာနဲ့ အန်ဒရီတို့ ရဲ့ မိသားစုဝင်တွေကို လှူဒါန်းသွားမယ်လို့သိရပါတယ်။
ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး ဂျိုတာနဲ့ အစ်ကိုဖြစ်သူ အန်ဒရီတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်က လီဗာပူး အသင်းဆီပြန်လာစဉ် ကားမတော်တဆမှုဖြစ်ပြီး ကွယ်လွန်သွားခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ကလပ် ကမ္ဘာ့ဖလားပွဲစဉ်တွေအတွင်းမှာ ဂျိုတာနဲ့ အန်ဒရီတို့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ပေးခဲ့ပြီး လက်ရှိအချိန်မှာ ရရှိလာတဲ့ဆုကြေးတချို့ကို ကျန်ရစ်သူမိသားစုတွေကို ကူညီဖို့ဆုံးဖြတ်ခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲတလျှောက် ဆုကြေးအဖြစ် ပေါင် ၈၄ ဒသမ ၄ သန်းရရှိခဲ့ပြီး ကစားသမားတွေဘက်က ပေါင် ၁၁ ဒသမ ၄ သန်း ဆုကြေးရရှိပါတယ်။
တယောက်ကို ပေါင် ၄ သိန်းနီးပါးရရှိတာဖြစ်ပြီး အဲဒီဆုကြေး ပေါင် ၁၁ ဒသမ ၄ သန်းအားလုံးကို လှူဒါန်းသွားမှာပါ။
ချဲလ်ဆီးအသင်းနဲ့ ကစားသမားတွေရဲ့ လုပ်ရပ်အပေါ် ပြိုင်ဘက်အသင်းပရိသတ်တွေက အထူး ချီးကျူးကြပြီး အဆင့်အတန်းရှိတဲ့ လုပ်ဆောင်ချက် ဖြစ်ကြောင်း မှတ်ချက်တွေရေးသားခဲ့ကြ ပါတယ်။
Photo:Reuters