
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၆ အဆင့် အင်အားအတော်အသင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သြဂုတ် ၂၂ ရက်မှာ သတင်းထုတ် ပါတယ်။
သြဂုတ် ၂၂ ရက် မြန်မာစံတော်ချိန် မနက် ၁၁ နာရီ ၂၆ မိနစ်မှာ မော်လိုက်မြို့ရဲ့တောင်ဘက်၊ အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀၃ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။
ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းအနီးမှာ ငလျင်ငယ်တွေ တောက်လျှောက်လှုပ်ခတ်နေတာကိုလည်း သတိပြုသင့်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန် တွေနဲ့အညီ နေထိုင်ကြဖို့ကိုလည်း ထပ်မံသတိပေးပြောကြားထားပါတယ်။
ကေခိုင်