Home
နိုင်ငံတကာ
မဲခေါင်မြစ်အတွင်း တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း ၄ နိုင်ငံ ပူးပေါင်းကင်းလှည့်
DVB
·
August 21, 2025
Photo: China News

မဲခေါင်မြစ်အတွင်းမှာ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း ၄ နိုင်ငံ ပူးပေါင်းပြီးတော့ ၁၅၆ ကြိမ်မြောက် မြစ်ကြောင်းပူးတွဲကင်းလှည့်မှု စတင်ခဲ့ကြတယ်လို့ တရုတ်အစိုးရ အာဘော်သတင်းတွေမှာ ဩဂုတ် ၂၀ ရက်က ဖော်ပြပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျင်းဟာဆိပ်ကမ်းကနေ တရုတ်ရေယာဉ် ၃ စင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက် မနက် ၉ နာရီမှာ စတင်ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပူးပေါင်းကင်းလှည့်မှုမှာတော့ နိုင်ငံ ၄ နိုင်ငံက ကင်းလှည့်ရေယာဉ် ၇ စီးအပြင် တရားဥပဒေစိုးမိုးရေးဝန်ထမ်း ၁၀၀ ကျော် ပါဝင်ကာ အဆိုပါမစ်ရှင်မှာ ရေလမ်းကြောင်းလုံခြုံရေးကို ထိန်းသိမ်းဖို့နဲ့ အဓိက ရေပြင်ဧရိယာတွေမှာ ပေါင်းစပ် ကုန်း-ရေ စစ်ဆေးမှုတွေ၊ လေ့ကျင့်ရေးတွေ ပါဝင်မှာဖြစ်သလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ဖြစ်တဲ့ အွန်လိုင်းလောင်းကစား၊ တယ်လီကွန်း လိမ်လည်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုတွေ၊ ရေလမ်းဘေးကင်းမှုကို ထိန်းသိမ်းဖို့ စတာတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက လန်ကန်မြစ်လို့ လူသိများတဲ့ မဲခေါင်မြစ်ဟာ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးအတွက် အရေးပါတဲ့ ရေလမ်း ဖြစ်ပါတယ်။

တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက မြစ်ကြောင်းပူးတွဲကင်းလှည့်ခဲ့ကြတာ ဖြစ်ပါတယ်။

Source: Xinhua News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013