
၂၀၂၅ ခုနှစ်အတွက် ကြိုးတန်းလမ်းလျှောက် ချန်ပီယံရှစ်ပြိုင်ပွဲကြီးကို ကျန်းကျားကျဲ အမျိုးသားသစ်တောဥယျာဉ်မှာ သြဂုတ် ၁၈ ရက်ကနေ ၂၀ ရက်အထိ ကျင်းပသွားပါတယ်။
တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်က ‘ကြိုးတန်းဘုရင်’ (Slackline King) ဆိုတဲ့ ပြိုင်ပွဲကို ကျင်းပလာခဲ့တာ ၇ နှစ်ဆက်တိုက် ရှိပြီဖြစ်ပြီး ဒီတခေါက်ဟာ ၈ ကြိမ်မြောက်ပဲ ဖြစ်ပါတယ်။
အဲဒီမှာ တရုတ်၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန် စတဲ့ နိုင်ငံ ၁၀ နိုင်ငံက ထိပ်တန်းအားကစား ၂၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါဟာ အကျယ် ၂ စင်တီမီတာသာ ရှိတဲ့ ကြိုးတန်းတခုကို တောင်ထိပ် ၂ ခုကြားမှာ သွယ်တန်းထားတာ ဖြစ်ပြီး ၁,၄၅၀ မီတာ ကွာဝေးသလို မြေပြင်ကနေလည်း မီတာ ၄၀၀ လောက် မြင့်မားပါတယ်။
အခုလိုမျိုး ယှဉ်ပြိုင်ရာမှာ တောင်ထိပ်တဖက်ကို ကြာချိန်အနည်းဆုံးနဲ့ ရောက်လာမယ့်သူက ချန်ပီယံအဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပေမဲ့ လမ်းတဝက်မှာ ပြုတ်ကျနိုင်တဲ့ အကြိမ်အရေအတွက်တော့ ကန့်သတ်ထားပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲကြီးရဲ့ ရွှေတံဆိပ်ဆုရှင်ကို ယွမ်ငွေ ၁၀၀,၀၀၀ (ဒေါ်လာအားဖြင့် ၁၄,၀၀၀ နီးပါး) ဆုချီးမြှင့်လေ့ ရှိပါတယ်။
Source: Reuters