Home
နိုင်ငံတကာ
ဥရောပသို့ပို့မည့် ကိုကင်းများ  ပီရူးရဲတပ်ဖွဲ့ သိမ်းဆည်း
DVB
·
August 21, 2025
Photo :Reuters

ပီရူးရဲတပ်ဖွဲ့ဟာ ဒေသ ၃ ခုထဲက စစ်ဆင်ရေး  ၄ ခုအတွင်း ဖမ်းမိတဲ့ ကိုကင်း  ပမာဏ မက်ထရစ်တန်  ၁ တန်ခွဲလောက်ကို  ဩဂုတ်  ၂၀ ရက်မှာ ပြသခဲ့ပါတယ်။ 

နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ပူနို၊ အာယာကူချိုနဲ့ တက္ခနာဒေသတွေမှာ ဇန်နဝါရီ၊ မတ်လ၊ မေလနဲ့ သြဂုတ်လတို့မှာ စစ်ဆင်ရေး ဆောင်ရွက်ခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အကြီးအကဲ နီလ်တန် စန်တို့စ်က ပြောပါတယ်။

ရာဇ၀တ်အဖွဲ့အစည်း ဂမ်ဘီတိုနဲ့ စန်ကျူရီအွန်တို့က လူ ၁၀ ယောက်ကို ဖမ်းဆီးခဲ့ပြီး သြဂုတ် ၁၆ ရက်မှာ စစ်ဆင်ရေးပြီးဆုံးခဲ့ပါတယ်။

အဲဒီဂိုဏ်းတွေဟာ ပီရူးနိုင်ငံထဲမှာ ၂၀၂၅  ခုနှစ်အစပိုင်းကတည်းက လည်ပတ်နေခဲ့တာလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သူတို့ရဲ့ အဖွဲ့ဝင်အများစုကို ဖမ်းဆီးထားပြီးပါပြီ။ ဒီကိုကင်းတွေကို ဥရုဂွေး ဒါမှမဟုတ် ပါရာဂွေးနိုင်ငံတို့ကတဆင့် ဥရောပအတွက် ဦးတည်ထားတာလို့လဲ စန်တို့စ်က ပြောခဲ့ပါတယ်။

Source:Reuters  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013