Home
နိုင်ငံတကာ
ပူတင်နှင့်တွေ့ချိန်၌ လုံခြုံရေးအကျိုးစီးပွား ကာကွယ်ရန် ထရမ့်ပ်ကို ဥရောပက တိုက်တွန်းခဲ့
DVB
·
August 14, 2025
Photo: John MacDogall/Pool/Reuters

ဥရောပနဲ့ ယူကရိန်း လုံခြုံရေးအကျိုးစီးပွားတွေကို အကာအကွယ်ပေးတဲ့ ယူကရိန်း ငြိမ်းချမ်းရေးဆီ  ဦးတည်လုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အွန်လိုင်း အစည်းအဝေးတရပ်မှာ ဥရောပခေါင်းဆောင်တွေက တိုက်တွန်းခဲ့တယ်လို့ ဂျာမန်အဓိပတိ ဖရက်ဒရစ်ချ် မားဇ်က သြဂုတ် ၁၃ ရက်မှာ ပြောပါတယ်။

အမေရိကန်နိုင်ငံ အလာစကာပြည်နယ် အန်ကရေ့ချ်မြို့မှာ ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဩဂုတ် ၁၅ ရက်မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တယ်လို့လည်း တွေ့ဆုံပွဲမတိုင်မီ မားဇ်က ပြောပါတယ်။

ထရမ့်ပ်နဲ့ စတွေ့ခဲ့တဲ့ မားဇ်က ယူကရိန်းဟာ ပိုင်နက်ဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်းဖို့ ပြင်ဆင်ထားပေမဲ့ ရုရှားရဲ့ သိမ်းပိုက်မှုတွေကို တရားဝင် အသိအမှတ်ပြုမှုဟာ အချေအတင် ဆွေးနွေးစရာ မရှိဘူးလို့ ပြောပါတယ်။

“စေ့စပ်ညှိနှိုင်းမှုတွေအတွက် အမျိုးမျိုးသော အချက်တွေကို ရှင်းလင်းပြောကြားပြီးပြီ” လို့ မားဇ်က ပြောပါတယ်။

နောက်ဆက်တွဲ အစည်းအဝေးတွေ ကျင်းပပြီးတာနဲ့ ယူကရိန်းဟာ စားပွဲဝိုင်းမှာ ရှိနေရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီ။ စေ့စပ်ညှိနှိုင်းမှုတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ဆက်လုပ်စေချင်တယ်။ အပစ်အခတ်ရပ်စဲရေးကို ဦးဆုံးလုပ်ရမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ပူးတွဲညီလာခံမှာ မားဇ်က ပြောပါတယ်။

ဇလန်းစကီး အပါအဝင် ဥရောပခေါင်းဆောင်တွေဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အမေရိကန်-ရုရှား ထိပ်သီးအစည်းအဝေးမှာ သွယ်ဝိုက်သက်ရောက်စေဖို့ ထရမ့်ပ်ကို ဖုန်းခေါ်ဆိုပြီး ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013