Home
နိုင်ငံတကာ
ကမ္ဘောဒီးယားနယ်စပ်၌ ထောင်ထားသည့် မြေမြှုပ်မိုင်းများကို ထိုင်းစစ်တပ် ဖော်ထုတ်ပြသ
DVB
·
August 21, 2025
Photo :Reuters

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဆူရင်ပြည်နယ်အရှေ့ပိုင်းနယ်မြေကို လေ့လာဖို့ ထိုင်းဘုရင့်တပ်မတော်က သတင်းထောက်တွေနဲ့ အာဆီယံစစ်သံမှူးတွေကို ဩဂုတ် ၂၀ ရက်က ဖိတ်ကြားခဲ့ပါတယ်။ 

အရင်အပတ်က အဲဒီပတ်၀န်းကျင်မှာ ထိုင်းစစ်သားတယောက် ကင်းလှည့်ပြီးတဲ့နောက် မြေမြှုပ်မိုင်းတခုကို နင်းမိခဲ့တဲ့ နေရာကို တာဝန်ရှိသူတွေက ဖော်ထုတ်ပြခဲ့ပါတယ်။ အဲဒီနေရာကို အရံအတားတွေနဲ့ ဝိုင်းရံကာထားတာပါ။ 

ကိုယ်စားလှယ်အဖွဲ့ မရောက်လာမီ ဧရိယာအတွင်း သုတ်သင်ရှင်းလင်းချိန်မှာ တခြားမိုင်းတခုကို တွေ့ခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရှာတွေ့ခဲ့တဲ့ ကမ္ဘောဒီးယားရဲ့ BM-21 ဒုံးကျည်ကိုလည်း ထိုင်းစစ်တပ်က ဖျက်ဆီးခဲ့ပါတယ်။

တိုက်ပွဲကြောင့် ထိခိုက်ခဲ့ရတဲ့ ဆေးရုံကနေ လူတွေကို ဘေးကင်းကင်း သယ်ထုတ်ရေးနဲ့  လက်နက် တွေ ပြန်လည်ရရှိရေး သရုပ်ပြခဲ့ကြပါတယ်။ 

ကမ္ဘောဒီးယာက ထိုင်းနဲ့ မျှဝေထားတဲ့ နယ်စပ်တလျှောက် မြေမြှုပ်မိုင်းအသစ်တွေ ထောင်နေတယ် ဆိုတဲ့  ထိုင်းဘက်က စွဲချက်ကို ငြင်းဆိုထားပြီး လက်နက်တွေ သိုလှောင်မထားဘူးလို့  သြဂုတ် ၁၈ ရက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဇူလိုင် ၂၄ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးတိုက်ပွဲတွေဟာ ဆယ်စုနှစ် တခုကျော်အတွင်း နိုင်ငံတွေကြား အဆိုးရွားဆုံး တိုက်ပွဲတွေဖြစ်ပါတယ်။

အမြောက်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြလို့ လူ ၄၃ ဦးထက်မနည်း သေဆုံးပြီး နှစ်ဖက်စလုံးက လူ ၃ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013