
ဘန်ကောက်မြို့မှာ အလုပ်သွားရှာလုပ်ကြမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၅ ယောက်ကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နားမှာ ဩဂုတ် ၄ ရက် ည ၁၂ နာရီလောက်မှာ ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။
မြန်မာနိုင်ငံသား အမျိုးသား ၂၃ ယောက် အမျိုးသမီး ၂၂ ယောက်၊ စုစုပေါင်း ၄၄ ယောက်ဟာ ကရင်ပြည်နယ် မြဝတီမြို့ကတဆင့် နယ်စပ်သောင်ရင်းမြစ်ကို တရားမဝင် ဖြတ်ကူးပြီး လာကြိုတဲ့ ကားကို စီးသွားချိန်မှာ ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ကျောက်ခက်ရွာကနေ ၄၈ ကီလိုအထိ တယောက်ကို ဘတ် ၅၀၀ နဲ့ ပို့ဆောင်ပေးတာဖြစ်ပြီး ကားရော လူပါအဖမ်းဆီးခံရတာလို့ ထိုင်း ယာဥ်မောင်းက ပြောပါတယ်။
ဖမ်းဆီးခံ မြန်မာအလုပ်သမားတွေနဲ့ သူတို့ကိုကူညီပို့ဆောင်ပေးတဲ့ ထိုင်းနိုင်ငံသား ၄ ယောက်တို့ကို ထိုင်းစစ်တပ်က သက်သေအထောက်အထားတကွနဲ့ ဖုတ်ဖမြို့မရဲမှာ တိုင်ကြားအမှုဖွင့် လွှဲပြောင်းခဲ့ပါတယ်။