Home
မြန်မာသတင်း
လားရှိုး စစ်တပ်ဂိတ်တွင် စစ်သား ၁ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ
DVB
·
August 6, 2025

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အထွက်က စစ်တပ်ဂိတ်မှာ ဒီနေ့ ဩဂုတ် ၆ ရက် မနက်ပိုင်းက မိုင်းနင်းမိပြီး တပ်သားတယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လားရှိုးမြို့အထွက် ကိုးကန့် (MNDAA) တပ်တွေ အထိုင်ချထားတဲ့ မယ်ဟန်ဂိတ်အနီးက စစ်တပ်ဂိတ်မှာ မိုင်းနင်းမိပြီး ခမရ ၅၀၇ တပ်ရင်းက တပ်သားတယောက် ဒဏ်ရာရတာလို့ ဆိုပါတယ်။

လားရှိုးဒေသခံတယောက်က “မယ်ဟန်မှာဖြစ်တာ။ ခမရ ၅၀၇ က တပ်သားတယောက် မိုင်းနင်းမိတာ။ သိလားတော့ မသိဘူး။ မယ်ဟန်ဂိတ်နဲ့အနီးမှာ စကစထိုင်တယ်” လို့ ပြောပါတယ်။

ဘယ်လိုကြောင့် မိုင်းနင်းမိတယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ဒေသခံတယောက်ကလည်း “လားရှိုးက အုံးသံကြားလိုက်တယ်။ ဘာလဲတော့မသိ။ တက္ကသိုလ်ရှေ့တော့ ရဲကား ၂ စီးနဲ့ အင်အားပြည့် တွေ့ရတယ်” လို့ ပြောပါတယ်။

ခမရ ၅၀၇ ဟာ ကိုးကန့်တပ်တွေ သိမ်းယူပြီးနောက် တရုတ်ဖိအားကြောင့် ပြန်ဆုတ်ပေးရချိန် စစ်ကောင်စီတပ်သားတွေ ပြန်ဝင်ရောက်နေတဲ့တပ် ဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013