Home
မြန်မာသတင်း
ခရမ်းတွင် စစ်သား ၁ ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ
DVB
·
July 28, 2025

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ ဇူလိုင် ၂၅ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတယောက် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အ.ထ.က ၁ ကျောင်ကြီးအနီး တမံကြီး စစ်ဆေးရေးဂိတ်မှာ ဖြစ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်ခတ် အဆုံးစီရင်ခဲ့တဲ့အတွက် တမံကြီးလမ်းပိုင်းကို ‌ခေတ္တပိတ်ထားကာ လူနာတင်ယာဥ်နဲ့ အလောင်းကို အချိန်အတော်ကြာမှ လာရောက်သယ်ယူသွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံ‌တယောက်က “စစ်မှုထမ်း ပေါ်တာအဆွဲခံထားရပြီး စစ်သား တပ်ထဲကပြေးမရလို့ ခုလိုဖြစ်သွားတာ၊ စစ်သားသေတဲ့သတင်းကတော့ ဟုတ်တယ်၊ လမ်းတွေပိတ်ပြီး သူ့အလောင်းကို ပြန်လာသယ်သွားပြီ” လို့ ပြောပါတယ်။

အခင်းဖြစ်ပွားပြီး ခရမ်းမြို့ စီမံအဖွဲ့က စစ်ကောင်စီ ဗိုလ်တယောက်နဲ့ နောက်လိုက်တွေပါလာတဲ့ အိမ်စီးကား ၂ စီး ရောက်လာပြီး အချိန်အတော်ကြာထိ လုံခြုံရေးတာဝန်အတူကျခဲ့တဲ့ ရဲဘော်တွေကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ခရမ်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တယောက်က “အဲဒီဂိတ်က တခြားဂိတ်တွေနဲ့ မတူဘူးဗျ။ သူ့ဘာသာနေတဲ့ဂိတ်လို့ ပြောရမယ်။ စ​တည်ထားကတည်းက အခုချိန်အထိ ပြည်သူကို ဒုက္ခပေးတာတို့၊ အစစ်အဆေးကြမ်းတာတို့၊ ရစ်နေတာတို့ မရှိဘူး။ သူ့စရိတ်နဲ့သူသွားတာမို့ ဝမ်းသာရုံကလွဲပြီး ဘာမှတော့ မပြောချင်ပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထွက်ပြေးပါက မိသားစုကိုပါ ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဥပဒေကြောင့် စိတ်ဖိစီးမှုတွေ များလာပြီး အခုလို အဆုံးစီရင်မှုတွေထိ ဖြစ်ကုန်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013