Home
နိုင်ငံတကာ
အိမ်ဖြူတော်က တရားဝင် TikTok အကောင့်ကို ဖွင့်လှစ်သုံးစွဲ
DVB
·
August 20, 2025
Photo: REUTERS/Dado Ruvic/Illustration

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သတင်းစကားတွေကို ဖြန့်ချိဖို့အတွက် အမေရိကန်မှာ TikTok အက်ပ် အသုံးပြုသူ သန်း ၁၅၀ ကျော် ရှိတာကို အခွင့်ကောင်းယူပြီး အိမ်ဖြူတော်ကလည်း သြဂုတ် ၁၉ ရက်မှာ တရားဝင် TikTok အကောင့်ကို ဖွင့်လှစ်ခဲ့ပါတယ်။ 

@whitehouse အကောင့်ဟာ သမ္မတရဲ့ မူဝါဒတွေကို ဆက်သွယ်ဖို့ ရည်ရွယ်ချက်နဲ့ အင်္ဂါနေ့ ညနေပိုင်း စတင်လှုပ်ရှား လည်ပတ်ခဲ့ကြောင်း အိမ်ဖြူတော် အရာရှိတယောက်က ပြောပါတယ်။

အဲဒီဆိုက်ကို တိုက်ရိုက်ထုတ်လွှင့်နေချိန်မှာ အိမ်ဖြူတော်သတင်းထောက် ကဲရိုလိုင်းန် လဲဗစ်ထ် က “ထရမ့်ပ်အစိုးရဟာ အမေရိကန်ပြည်သူတွေအတွက် သမ္မတထရမ့်ပ် လုပ်ပေးနိုင်ခဲ့တဲ့ သမိုင်းဝင် အောင်မြင်မှုတွေကို လူထုပရိသတ်တွေနဲ့ ပလက်ဖောင်းတွေကနေ ဆက်သွယ်ပေးပို့ဖို့ ကတိပြုထားပါတယ်” လို့ ပြောပါတယ်။ 

သမ္မတ ထရမ့်ပ်ရဲ့ သတင်းစကားတွေဟာ သူ့ရဲ့သမ္မတရွေးကောက်ပွဲကာလအတွင်း TikTok ပေါ်မှာ အဓိကထားခဲ့ပြီး အဲဒီအောင်မြင်မှုတွေကို အခြေခံပြီးတော့ အရင်အစိုးရတွေတုန်းက မလုပ်ခဲ့ဖူးတဲ့ နည်းလမ်းနဲ့ ဆက်သွယ်ပေးဖို့ စိတ်လှုပ်ရှားနေပါပြီလို့လည်း ဆိုပါတယ်။ 

ထရမ့်ပ်ဟာ လူသုံးများတဲ့ နာမည်ကြီး အက်ပ်ကို အတော်သဘောကျခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲတုန်းက သူဟာ ကမ်မလာ ဟားရစ်ကို အနိုင်ရခဲ့ချိန်မှာ လူငယ် မဲဆန္ဒရှင်တွေအကြား ထောက်ခံမှုရရှိစေဖို့ ကူညီပေးတယ်ဆိုပြီး TikTok ကို ကျေးဇူးတင်ကြောင်း ချီးကျူးပြောဆိုခဲ့ဖူးပါတယ်။

အတိတ်က ထောက်လှမ်းရေး အကဲဖြတ်မှုတွေအရ ဗွီဒီယိုအတိုတွေ တင်လို့ရတဲ့ TikTok အက်ပ်ရဲ့ပိုင်ရှင်ဟာ တရုတ်အစိုးရကို သစ္စာစောင့်သိရတာဖြစ်ပြီးတော့ အမေရိကန်လူမျိုးတွေအပေါ် လွှမ်းမိုးဖို့အတွက် အသုံးချတာ ဖြစ်နိုင်ကြောင်း ဆိုထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013