
ယူကရိန်းသမ္မတ ဇလန်းစကီးဟာ သူ့ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ယူကရိန်းဒီဇိုင်နာတယောက် ဖန်တီးထားတဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။
ဒီဇိုင်နာ ဗစ်တာအနီဆီမော့ဗ် ဖန်တီးထားတဲ့ ဒီဝတ်စုံဟာ အနောက်တိုင်းဝတ်စုံပြည့် (suit) မဟုတ် တဲ့ စစ်ဘက်ယူနီဖောင်းဖြစ်ပေမဲ့ အရပ်သားဝတ်စုံ ဘက်ရောက်အောင် ပြုပြင်ဖန်တီးထားတာ ဖြစ်ပါတယ်။
အရပ်သား ဝတ်စုံပုံစံပေါက်အောင်ကုတ်အင်္ကျီကျောကွဲ လုပ်ပေးထားတာလို့ ဆိုပါတယ်။
အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကိုယ်တိုင်က ဒီဝတ်စုံကို ချီးကျူးခဲ့ပါတယ်။ ဒါဟာ အရင်တခေါက် ဇလန်းစကီးရဲ့ စစ်ဘက်ပုံစံ ဝတ်စုံကို သူဝေဖန်ခဲ့တာနဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့ပါတယ်။
ဇလန်းစကီးဟာ ၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို အလုံးစံကျူးကျော်ကတည်းက အနောက်တိုင်း ဝတ်စုံပြည့် မဝတ်တော့ဘဲ စစ်ဘက်စတိုင်တီရှပ်မျိုးတွေသာ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ ဒီဝတ်စုံကိုလာမယ့် ယူကရိန်းလွတ်လပ်ရေးနေ့အတွက် မူလက ရည်ရွယ်ခဲ့တာဖြစ်ပြီး လက်ကျ အနေအထားကို ပြန်ပြင်ဖို့ ပြန်ယူထားတာလို့ ဒီဇိုင်နာ အနီဆီမော့ဗ်က ဆိုပါတယ်။
ဒါပေမဲ့ အမေရိကန်ခရီးစဉ်အတွက် အရေးပေါ် လိုလာတာကြောင့် လက်အနေအထား မပြင်နိုင်တော့ဘဲ ဒီအတိုင်းပြန်ပေးလိုက်တာလို့ ဆိုပါတယ်။
Source: Reuters