Home
နိုင်ငံတကာ
ပူတင်နှင့် ဇလန်းစကီးတို့  ၂ ပတ်အတွင်း တွေ့ဆုံမည်ဟု ဂျာမနီအဓိပတိပြော
DVB
·
August 19, 2025
Photo: REUTERS/Al Drago

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းသမ္မတနဲ့ တွေ့ဆုံရေး သဘောတူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖျောင်းဖျခဲ့တယ်လို့ ဂျာမန်အဓိပတိ ဖရဒ္ဒရစ်ချ် မားဇ်က ပြောပါတယ်။

ထရမ့်ပ်နဲ့ ပူတင်တို့ ဖုန်းပြောချိန်မှာ ပူတင်က သဘောတူခဲ့တာဖြစ်ပြီး နေရာကို မဆုံးဖြတ်ရသေးဘူးလို့ ဂျာမန်အဓိပတိက ပြောပါတယ်။

“ဒီထိပ်သီးညီလာခံကို တက်ဖို့ ရုရှားသမ္မတမှာ သတ္တိရှိမလားဆိုတာ ကျနော်တို့ မသိဘူး။ ဒါကြောင့် ဖျောင်းဖျ စည်းရုံးဖို့ လိုတာ”လို့ မားဇ်က ပြောပါတယ်။

မားဇ်ဟာ ယူကရိန်းသမ္မတကို ထောက်ခံဖို့ အမေရိကန်မြို့တော် ဝါရှင်တန်ကို သွားတဲ့ ဥရောပ ခေါင်းဆောင် ကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါဝင်သူတယောက်ဖြစ်ပါတယ်။

အစည်းအဝေး ခဏနားချိန်မှာ အမေရိကန် သမ္မတက ရုရှားသမ္မတကို ဖုန်းနဲ့ စကားပြောခဲ့ပြီး ရုရှားသမ္မတနဲ့ ယူကရိန်းသမ္မတတို့ လာမယ့်နှစ်ပတ်အတွင်း တွေ့ဆုံဖို့ သဘောတူခဲ့ပါတယ်လို့ မားဇ်က သတင်းထောက်တွေကို ပြောပါတယ်။

စေ့စပ်ညှိနှိုင်းမှုတွေ အမှန်တကယ် စတင်နိုင်စေဖို့ နောက်ပိုင်းမှာ သုံးပွင့်ဆိုင်အစည်းအဝေးအတွက် နောက်ထပ် ဖိတ်ကြားချက်ကို ထပ်တိုးဖို့ ထရမ့်ပ်က သဘောတူခဲ့တယ်လို့ မားဇ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဥရောပတိုက်သားတွေ စည်းလုံးညီညွတ်မှုကို ရှေ့တန်းတင်ပြီး ရောက်လာတာကို ထရမ့်ပ်က သဘောကျမိတယ် အမေရိကန် အစိုးရနဲ့ ဆွေးနွေးချက်တွေက အခု ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်အသေးစိတ်အဖြစ် ပြောင်းလဲသွားလိမ့်မယ်လို့ ဂျာမန်အဓိပတိက ပြောပါတယ်။

“ဥရောပတခွင်လုံး ပါဝင်သင့်တယ်ဆိုတာ တော်တော်ရှင်းပါတယ်” လို့ မားဇ်က ပြောရင်း အမေရိကန်က သူတို့ကို ပံ့ပိုးပေးဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ ကြေညာချက်ကို မားဇ်က ချီးကျူးခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024