
အိမ်ဖြူတော် သွားရောက်မယ့် ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့အတူ EU ခေါင်းဆောင်တွေ ပါမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလေယန်က ပြောပါတယ်။
ဗွန်ဒါလေယန်က တနင်္လာနေ့ အိမ်ဖြူတော် တွေ့ဆုံမှုမှာ သူပါမယ်လို့ ပြောထားပြီး သူနဲ့အတူ ဥရောပခေါင်းဆောင်တွေလည်း ပါမယ်လို့ ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ထားပါတယ်။
“ဇလန်းစကီးရဲ့ တောင်းဆိုချက်အရ ကျမ အိမ်ဖြူတော်ကို သွားမှာပါ။ တခြား ဥရောပ ခေါင်းဆောင်တွေလည်း ပါမယ်” လို့ ဖော်ပြထားပါတယ်။
ဇလန်းစကီးဟာ တနင်္လာနေ့မှာ ဝါရှင်တန်ကို သွားရောက်မှာဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ထရမ့်ပ်နဲ့ ရုရှားသမ္မတပူတင်တို့ဟာ အလာစကာမှာ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ယူကရိန်း စစ်ရပ်တန့်ရေး သဘောတူညီချက် မရခဲ့တဲ့နောက် အိမ်ဖြူတော်မှာ ဇလန်းစကီးနဲ့ ထရမ့်ပ် တွေ့ဆုံမှာ ဖြစ်ပါတယ်။
ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးကိုကျော်ပြီး အမြဲတမ်း ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ပိုပြီးလုပ်ချင်ကြောင်း ထရမ့်ပ်က ပြောထားဖူးပါတယ်။
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်တို့ဟာ တနင်္ဂနွေနေ့မှာ ဖုန်းနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။
ဂျာမနီအဓိပတိ မာ့ဇ်လည်း အိမ်ဖြူတော်တွေ့ဆုံပွဲကို တက်မှာဖြစ်တဲ့အကြောင်း ဂျာမနီနိုင်ငံက အတည်ပြုပါတယ်။
Source: Reuters