Home
နိုင်ငံတကာ
ယူကရိန်း၊ ရုရှား၊ အမေရိကန် သုံးပွင့်ဆိုင် တွေ့ဆုံမှုကို ဇလန်းစကီး ထောက်ခံ
DVB
·
August 17, 2025
Photo: REUTERS/Kevin Lamarque/Liesa Johannssen

ရုရှား၊ အမေရိကန်တို့နဲ့ ၃ ပွင့်ဆိုင်တွေ့ဆုံမှုကို ထောက်ခံကြောင်းနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

ထရမ့်ပ်နဲ့ ပူတင်တို့ အလာစကာမှာ တွေ့ဆုံမှုအပြီး ဇလန်းစကီးက ၃ ပွင့်ဆိုင်တွေ့ဆုံမယ့်အကြံကို ထောက်ခံတဲ့အကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဇလန်းစကီးက “ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းမှုတွေအများကြီးပြုလုပ်ဖို့ ယူကရိန်းက အသင့်ရှိတယ်ဆိုတာ ထပ်ပြီး ပြောပါမယ်။ သမ္မတထရမ့်ပ်ရဲ့ ယူကရိန်း၊ အမေရိကန်၊ ရုရှား ၃ ပွင့်ဆိုင်တွေ့ဆုံမယ့် အစည်းအဝေး အဆိုပြုချက်ကို ကျနော်တို့ ထောက်ခံပါတယ်။ ၃ ပွင့်ဆိုင်တွေ့ဆုံမှုက အဓိကအချက်ဖြစ်တယ်ဆိုတာ ယူကရိန်းက အလေးထားပါတယ်”လို့ ပြောပါတယ်။

အလာစကာ အစည်းအဝေးအပြီး ထရမ့်ပ် အမေရိကန် အပြန်ခရီးစဉ် လေယာဉ်ပေါ်မှာ ဇလန်းစကီးအပါအဝင် နေတိုးအဖွဲ့ခေါင်းဆောင်တွေနဲ့ ဖုန်းပြောခဲ့ အပြီးမှာ ဇလန်းစကီးက ဆိုရှယ်မီဒီယာမှာ အခုလို ဖော်ပြခဲ့တာပါ။

ဇလန်းစကီးဟာ ထရမ့်ပ်နဲ့တွေ့ဖို့ လာမယ့် တနင်္လာနေ့မှာ အမေရိကန်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013