Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် ပူတင်တွေ့ဆုံ၊ ရုရှား-ယူကရိန်း ဆွေးနွေးပွဲဖြစ်နိုင်ဟု ထရမ့်ပ်ပြော
DVB
·
August 16, 2025
Photo: Reuters

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အလာစကာမှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ထိပ်သီးအစည်းအဝေး အဆင်ပြေပြေ ပြီးဆုံးသွားပြီး အချက်အတော်များများကို သဘောတူညီမှု ရခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ဩဂုတ် ၁၅ ရက်မှာ ပြောကြားပါတယ်။

ထိပ်သီးအစည်းအဝေး ပြီးပြီးချင်း လုပ်တဲ့ အင်တာဗျူးမှာ ထရမ့်ပ်က Fox News သတင်းဌာနမှ ရုပ်သံတင်ဆက်သူ ရှောင်န်ဟန်နစ်တီကို ပူတင်နဲ့ဆွေးနွေးမှုမှာ အကြောင်းအရာ အများအပြားကို ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ပ်က“အချက်တွေ အများကြီး သဘောတူထားပေမဲ့ သိပ်တော့မများဘူး။ သိသာထင်ရှားတဲ့ အချက်က ၁ ခု၊ ၂ ခုလောက်တော့ ရှိတယ်။ အခု အဲဒီကို အရောက်သွားနိုင်ပြီးတော့ ပြီးစီးသွားအောင် လုပ်ဖို့ကတော့ သမ္မတ ဇလန်စကီးပေါ်မှာ မူတည်ပါတယ်။ ပြီးတော့ ဥရောပနိုင်ငံတွေ အနေနဲ့လည်း နည်းနည်း ပါဝင်ဖို့ လိုပါတယ်”လို့ ပြောသွားပါတယ်။

သမ္မတ  ဇလန်စကီးနဲ့ သမ္မတ ပူတင်တို့အကြား အစည်းအဝေးပွဲတခုလုပ်မယ်လို့ ထင်ကြောင်းလည်း ထရမ့်ပ်က ပြောဆိုပါတယ်။

သူနဲ့ ရုရှားသမ္မတတို့ ၂ ဦးတည်း ဆွေးနွေးခဲ့တာလားလို့ မေးမြန်းခဲ့ရာမှာတော့ ထရမ့်ပ်က ဟုတ်တယ်၊ မိန့်ခွန်းတွေ ပြောလို့ပြီးချိန်မှာ ၂ ဦးတည်း ဆွေးနွေးခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သူတို့ ရိုးရိုးသားသား ဆွေးနွေးခဲ့တာလို့လည်း ဆိုပါတယ်။ ထရမ့်ပ်က ရုရှားရေနံဝယ်ယူတဲ့ နိုင်ငံတွေအပေါ် လက်တုံ့ပြန် စည်းကြပ်ခွန် ကောက်ခံဖို့ မစဉ်းစားသေးပေမဲ့ မကြာခင်အချိန်အတွင်း ပေးရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သောကြာနေ့မှာ ထရမ့်ပ်နဲ့ ပူတင်တို့အကြား အလွန်အမင်းမျှော်လင့်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲကနေ ယူကရိန်းရှိ မော်စကိုရဲ့ ကျူးကျော်စစ်ပွဲကို ဖြေရှင်းဖို့ သို့မဟုတ် ရပ်တန့်ဖို့ သဘောတူညီမှု မရှိခဲ့ပေမမဲ့ ခေါင်းဆောင် ၂ ဦး စလုံးကတော့ ဆွေးနွေးပွဲတွေက အကျိုးဖြစ်ထွန်းတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013