Home
နိုင်ငံတကာ
ယူကရိန်း၏ EU အဖွဲ့ဝင်ဖြစ်မှု လုပ်ငန်းစဉ် ရှေ့ဆက်ရန် ဥရောပကောင်စီဥက္ကဋ္ဌပြော  
DVB
·
August 20, 2025
Photo :Reuters

ယူကရိန်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရေး လုပ်ငန်းစဉ်က တိုးတက်ဖို့ လိုအပ်ပြီး ဥရောပဟာ ယူကရိန်း၊ ရုရှားနဲ့ အမေရိကန်တို့နဲ့အတူ အနာဂတ် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုရဲ့ တစိတ်တပိုင်းဖြစ်ရမယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော်စတာက ပြောပါတယ်။ 

သြဂုတ် ၁၈ ရက်က ဝါရှင်တန်မှာ ကျင်းပတဲ့ ထိပ်သီးညီလာခံကို လစ်စဘွန်းကနေ ဗီဒီယိုခေါ်ဆိုမှုကတဆင့် တက်ရောက်ခဲ့တဲ့ ကို့စ်တာက ဥရောပကောင်စီအဖွဲ့ဝင်တွေကို ထိပ်သီး အစည်းအဝေးအကြောင်း ရှင်းလင်းတင်ပြခဲ့တာပါ။

ကော်စတာက လုပ်ဆောင်စရာ အများကြီးရှိပြီး အောင်မြင်မှုအာမခံချက် မရှိပေမဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်တို့အကြား အပြန်အလှန် တွေ့ဆုံနိုင်မှုက ကြီးမားတဲ့ တိုးတက်မှု ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်တွေမှာ ပါဝင်ဖို့ အမေရိကန် အစိုးရရဲ့ အဆင်သင့်ဖြစ်မှုကိုလည်း “အလွန်အရေးကြီးတဲ့ ခြေလှမ်း” အဖြစ် ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ကော်စတာက “ယူကရိန်းရဲ့ အနာဂတ်ဟာ ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေနဲ့ ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် အလားအလာကို အထောက်အပံ့ပေးရုံသာမက သူ့ရဲ့ ဥရောပလမ်းကြောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ချဲ့ထွင်ရေးလုပ်ငန်းစဉ်ကို ရှေ့ကို ဆက်သွားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

တချိန်တည်း မှာ EU အစုအဖွဲ့ဟာ စစ်ပွဲကိုရပ်တန့်ဖို့ ရုရှားကို ဆက်ဖိအားပေးမှာ ဖြစ်ပြီး နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှု အစီအစဥ်တွေကို ပြင်ဆင်နေတယ်လို့လည်း ကော်စတာက ပြောကြားခဲ့ပါတယ်။

Source:Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013