
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး ယူကရိန်းစစ်ပွဲကို ငြိမ်းချမ်းတဲ့နည်းလမ်းများနဲ့ အဆုံးသတ်ဖို့ ဆန္ဒရှိကြောင်း ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
ပူတင်က စစ်ပွဲကို တတ်နိုင်သလောက် အမြန်ဆုံးရပ်ဖို့ ဆန္ဒရှိနေတဲ့ အမေရိကန်ရဲ့ စီစဉ်မှုကို လေးစားပြီး ရုရှားကလည်း ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းရမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ရုရှားအခြေစိုက် မီဒီယာက ဖော်ပြပါတယ်။
ပူတင်ရဲ့ ပြောကြားချက်ထဲမှာ အလာစကာပြည်နယ်ကို သွားရောက်တာက အချိန်ကိုက်ဖြစ်ပြီး တော်တော်အကျိုးရှိတယ်လို့လည်း ပါဝင်ပါတယ်။
ထရမ့်ပ်နဲ့အတူ ရှုထောင့်အားလုံးကို ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကာ ယူကရိန်းအကျပ်အတည်းကို တရားတဲ့နည်းလမ်းနဲ့ ဖြေရှင်မယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းပြဿနာရဲ့ မူလအစကို ပူတင်က ဆွေးနွေးခဲ့တာဖြစ်ပြီး ဇာစ်မြစ်ဖယ်ရှားမှသာ ဒီပြဿနာကို ရှင်းနိုင်မယ်လို့ အလေးပေး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ထရမ့်ပ်နဲ့ ဆွေးနွေးမှုက ပွင့်ပွင့်လင်းလင်းရှိခဲ့ပြီး လိုအပ်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ နီးစပ်ခဲ့တယ်လို့လည်း ပူတင်ရဲ့ ပြောစကားထဲမှာ ပါဝင်ပါတယ်။
ပူတင်နဲ့ ထရမ့်ပ်တို့ဟာ ၃ နာရီနီးပါး ဆွေးနွေးခဲ့တာ ဖြစ်ပြီး သဘောတူညီမှုမရခဲ့ပါဘူး။
Source: Reuters