
ယူကရိန်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဒါမှမဟုတ် ပြင်ပအကူအညီတွေကို ကန့်သတ်ထားမှာ မဟုတ်ဘူးလို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်က သြဂုတ် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဥရောပခေါင်းဆောင်က ခုလိုပြောလိုက်တာပါ။
အနာဂတ် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ဖြစ်နိုင်ခြေရှိတဲ့ ဥရောပရဲ့ ရပ်တည်ချက်ကို ထုတ်ပြောလိုက်တာလည်း ဖြစ်ပါတယ်။
ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူဖို့ EU အစုအဖွဲ့ရဲ့ ၁၉ ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှု အစီအစဉ်အတွက် ပြင်ဆင်ခဲ့ပြီး၊ စက်တင်ဘာလ အစောပိုင်းမှာ ပေါ်ပေါက်လာမယ်လို့လည်း သူက ကြေညာခဲ့ပါတယ်။
ယူကရိန်းနဲ့ ရုရှားကြား ဖြစ်နိုင်ခြေရှိတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ဆွေးနွေးဖို့ အမေရိကန် မြို့တော် ၀ါရှင်တန်မှာ သြဂုတ် ၁၈ နေ့ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ ဥရောပခေါင်းဆောင်တွေဟာ ဇလန်းစကီးနဲ့ ပူးပေါင်းဖို့ မျှော်လင့်ရပါတယ်။
"အမေရိကန် အစိုးရက ကျနော်တို့နဲ့အတူရှိနေဖို့ အရေးကြီးပါတယ်" လို့ ယူကရိန်းခေါင်းဆောင်က ပြောခဲ့ပါတယ်။
Source: Reuters