Home
အားကစား
နယူကာဆယ်၏ ကတိမတည်မှုကြောင့် အသင်းပြောင်းရန် ဆုံးဖြတ်ဟု အီဆက်ခ် ပြော
DVB
·
August 20, 2025
Photo :Reuters

နယူးကာဆယ်ရဲ့ကတိမတည်မှုကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း တိုက်စစ်မှူး အီဆက်ခ်က ပြောသွားပါတယ်။ 

ဆွီဒင်တိုက်စစ်မှူးဟာ ရာသီကြိုခြေစမ်းခရီးစဉ်တွေမှာကတည်းက  အသင်းနဲ့ ပူးပေါင်းခြင်းမရှိခဲ့ဘဲ အသင်းကနေ ထွက်ခွာ ခွင့်တောင်းဆိုထားတာပါ။ 

သြဂုတ် ၁၉ ရက်မှာတော့ အသင်းနဲ့ ရှေ့ဆက်သွားလို့ မရနိုင်တဲ့အကြောင်းကို သူ့ရဲ့ အင်စတာဂရမ်ကနေတဆင့် ထုတ်ပြန်လာခဲ့တာပါ။ 

အသင်းနဲ့ မိမိကြားမှာ ကတိတခု ထားရှိခဲ့ပြီး ကတိတွေ ပျက်ပြယ်သွားချိန်မှာ ယုံကြည်မှုလည်း မရှိတော့တာကြောင့် ရှေ့ဆက်သွားလို့မရကြောင်း၊ လမ်းခွဲခြင်းက နှစ်ဦးနှစ်ဖက်စလုံးရဲ့ အကျိုးအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း အီဆက်ခ်က တရားဝင် ထုတ်ပြော လာခဲ့တာပါ။ 

အီဆက်ခ်ရဲ့ ထုတ်ပြန်ချက်ကြောင့် နယူးကာဆယ်အသင်းက အီဆတ်ကို လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခွင့်ပြုသွားဖို့ ရှိနေပါတယ်။  

Photo:Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024