
ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ တိုက်စစ်မှူး အီဆက်ခ်ပါဝင်ကစားဖို့ မဖြစ်နိုင်တော့ကြောင်း နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ပြောပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့လိုနေတာကြောင့် အသင်းနဲ့ ပူးပေါင်းခြင်းမပြုသေးဘဲ တဦးတည်းလေ့ကျင့်မှုတွေသာ ပြုလုပ်နေတာပါ။
အီဆက်ခ်ကို အသင်းဆီပြန်လာဖို့ အားလုံးက ဆန္ဒရှိပေမဲ့ လာမယ့် တနင်္ဂနွေနေ့မှာကစားမယ့် ဗီလာနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာတော့ ပါဝင်နိုင်မှာမဟုတ်ကြောင်း နည်းပြဟောင်းက ပြောပါတယ်။
အီဆက်ခ်ကို အသင်းမှာ ဆက်ရှိဖို့ မျှော်လင့်ထားပြီး ကစားသမားဖြစ်သူနဲ့ ဆွေးနွေး နေကြောင်းလည်း နည်းပြအက်ဒီဟောင်းက ပြောသွားပါတယ်။
အီဆက်ခ်ကို လီဗာပူးက ပေါင်သန်း ၁၁၀ နဲ့ ကမ်းလှမ်းထားပြီး နယူးကာဆယ်ဘက်က ပယ်ချထားတာ ဖြစ်ပါတယ်။
Photo;Reuters