Home
မြန်မာသတင်း
တောင်ကိုရီးယားကို မြန်မာအမျိုးသမီးလုပ်သား ၂ ဦး အပါအဝင် ၇၁ ဦးသွားရောက် 
DVB
·
August 19, 2025

တောင်ကိုရီးယားကို သြဂုတ် ၁၉ ရက်မှာ မြန်မာနိုင်ငံကနေ  EPS စနစ်နဲ့ လုပ်သား ၇၁ယောက် ရောက်ရှိခဲ့ရာမှာ အမျိုးသမီးလုပ်သား ၂  ယောက် သွားရောက် လုပ်ကိုင်ခွင့်ရရှိတယ်လို့  ပြည်အလုပ်အကိုင် အေဂျင်စီ (POEA) စာရင်းတွေအရသိရပါတယ်။

အဲဒီအမျိုးသမီးလုပ်သား ၂ ယောက်က ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားနဲ့ ရောက်ရှိလာ တာဖြစ်ပြီး အဲဒီလုပ်ငန်းအမျိုးအစားအတွက် အမျိုးသား ၁၀ ယောက်လည်း ပါဝင်ပါတယ်။

မြန်မာကနေ တောင်ကိုရီးယားကို ဒီနှစ်ကမှ အမျိုးသမီးလုပ်သားစေလွှတ်ခွင့်ပေးခဲ့တာဖြစ်ပေမဲ့ အခုအချိန်အထိ ၄ ယောက်ပဲ လွှတ်နိုင်သေးတာလို့ EPS အလုပ်အကိုင်နဲ့ အကျွမ်းဝင်နေသူတွေ ဆီက သိရပါတယ်။

ကိုရီးယားဘာသာသင်တန်းနည်းပြတယောက်က "ကိုရီးယားဘက်ကကို  မြန်မာအမျိုးသမီး လုပ်သားခေါ်တာနည်းနေတာ။ အခုမှစလွှတ်တာကြောင့်လည်းပါမယ်။ အလုပ်ခေါ်စာရဖို့ စောင့်နေသူတွေက ထောင်ချီရှိနေတာ"လို့ ပြောပါတယ်။

မြန်မာနိုင်ငံဘက်က အမျိုးသမီးလုပ်သားတွေကို ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစား အတွက်ပဲ သွားလုပ်ခွင့်ပေးထားတာဖြစ်ပြီး အဲဒီလုပ်ငန်းအမျိုးအစားကို မနှစ်ကလုပ်တဲ့ EPS-TOPIK စာမေးပွဲမှာ ပထမဆုံး ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားကို အမျိုးသမီးလုပ်သားတွေ သွားခွင့်ပြုလိုက်တာကြောင့် စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး EPS-TOPIK စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့ အမျိုးသမီးသောင်းနဲ့ချီ ရှိခဲ့ကာ ဦးရေ ၃,၀၀၀ နီးပါးစာမေးပွဲအောင်ထားတယ်လို့ POEAရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013