
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြင်သစ်တိုက်စစ်မှူး ကာလီမူအမ်ဒိုကို ပေါင် ၂၆ သန်းနဲ့ အပြီးသတ် ခေါ်ယူလိုက်ပါတယ်။
အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးဟာ မနှစ်က ရန်းနက်စ်အသင်းမှာ ၁၈ ဂိုးသွင်းခဲ့သူဖြစ်ပြီး ၄ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့သူပါ။
ပရီးမီးယားလိဂ် အဖွင့်ပွဲ မစတင်ခင်အထိ အသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုတွေအပေါ် နည်းပြ နူနိုဆန်းတို့စ်ဘက်က မကျေမနပ် ဖြစ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ တိုက်စစ်ကစားသမား ၃ ယောက်အထိ ခေါ်ယူခဲ့တာပါ။
ဖောရက်စ်ဟာ အစ်ဆွစ်က ချဲလ်ဆီးတောင်ပံကစားသမားဟောင်း ဟတ်ချင်ဆန်နဲ့ မန်စီးတီး လူငယ်ကြယ်ပွင့် မက္ကာသီတို့ ၂ ယောက် အတွက် ပေါင်သန်း ၇၀ နီးပါးအသုံးပြုပြီး ခေါ်ယူထားတာပါ။
ဖောရက်စ်ဟာ လက်ရှိအချိန်အထိ ကစားသမား ၈ ယောက် အတွက် ပေါင်သန်း ၁၄၀ အထိအသုံးပြုထားပြီး ဖြစ်ပါတယ်။
Photo: Reuters