Home
အားကစား
နော်တင်ဟမ်ဖောရက်စ်က ချန်ပီယံဆုကို စိန်ခေါ်နိုင်ဟု လီဗာပူးနည်းပြ သုံးသပ်
DVB
·
January 14, 2025
Photo: Phil Noble/Reuters

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ကြောင်း လီဗာပူး နည်းပြ အာနဲစလော့က ပြောကြားလိုက်ပါတယ်။

နော်တင်ဟမ်အသင်းဟာ မနှစ်ကရာသီက တန်းမဆင်းရဖို့ ရုန်းကန်ခဲ့ရပေမဲ့အခုနှစ်ရာသီ ပွဲစဉ် ၂၀ အပြီးမှာတော့ ရမှတ် ၄၀ နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။

နော်တင်ဟမ်နဲ့ လီဗာပူးတို့ဟာ အခုတပတ် ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့ဆုံနေတာပါ။ နော်တင်ဟမ်အသင်းရဲ့ ကစားပုံနဲ့ ရလဒ်တွေကို ကြည့်မယ်ဆိုရင် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ထိုက်တန်ကြောင်း၊ ရာသီဝက်ကာလ ကျော်လာချိန်အထိ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်လို့ လီဗာပူး အပါအဝင် တခြားအသင်းတိုင်းကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်ကြောင်း နည်းပြစလော့က ပြောပါတယ်။

ဖောရက်စ်အသင်းဟာ အခုနှစ်ရာသီမှာ လီဗာပူးကို အနိုင်ရခဲ့တဲ့ တသင်းတည်းသော အသင်းဖြစ်ပြီး အခုတပတ်ကစားမယ့် ပွဲစဉ်ဟာလည်း ခက်ခဲမှာဖြစ်ကြောင်း နည်းပြ စလော့က ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013