
လီဗာပူးအသင်းမှာ လိုနေတဲ့ ကွက်လပ်တခုကို နောက်ခံလူဟောင်း ကာရေဂါက ထောက်ပြ ပြောဆိုသွားပါတယ်။
မန်ယူအသင်းနဲ့ ၂ ဂိုး စီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ လီဗာပူးအသင်းအနေနဲ့ အပြောင်းအလဲ ပြုလုပ်သင့်တဲ့ ကွက်လပ်တခုကို ကာရေဂါက ထောက်ပြခဲ့တာပါ။
အဲဒီကွက်လပ်က အသင်းရဲ့ ဘယ်နောက်ခံလူနေရာဖြစ်ပြီး အသက် ၃၀ ရှိလာတဲ့ အန်ဒီရော်ဘတ်ဆန်ရဲ့ စွမ်းဆောင်ရည်က သံသယဖြစ်စရာဖြစ်ကြောင်းကာရေဂါက ပြောပါတယ်။
ရော်ဘတ်ဆန်ဟာ အသင်းရဲ့ ဂန္ထဝင် တယောက်ဖြစ်ခဲ့ဖူးတာ သိရှိပေမဲ့လည်း လက်ရှိ စွမ်းရည်အရတော့ ပွဲစဉ်တိုင်းမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် မရရှိကြောင်း ကာရေဂါက ဝေဖန်ပါတယ်။
စကိုင်းစပေါ့မှာ ကာရေဂါနဲ့အတူ ပူးတွဲတင်ဆက်ခဲ့တဲ့ရွိုင်ကိန်းကလည်း ရော်ဘတ်ဆန်ရဲ့နေရာဟာ လီဗာပူးရဲ့ အားအနည်းဆုံးနေရာဖြစ်ကြောင်း ထောက်ပြပြောဆိုသွားပါတယ်။