
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင် ပေါင်သန်း ၁၀၀ ကျော် တန်ကြေးရှိ တိုက်စစ်ကစားသမား ၃ ယောက်ကို ခေါ်ယူဖို့ သဘောတူညီမူရသွားပါတယ်။
နော်တင်ဟမ်ဟာ တန်းဆင်းသွားရတဲ အစ်ဆွစ် တောင်ပံကစားသမား အိုမာရီ ဟတ်ချင်ဆန်ကို ပေါင် ၃၇ သန်းခွဲနဲ့ ခေါ်ယူဖို့ သဘောတူညီမူရခဲ့သလို မန်စီးတီးကွင်းလယ်လူ ဂျက်စ်မက္ကာသီကိုလည်း ပေါင်သန်း ၃၀ နဲ့ ခေါ်ယူပြီး ဆေးစစ်နေတာပါ။
ဒါ့အပြင် ပြင်သစ်ကလပ် ရန်းနက်စ် တိုက်စစ်မှူး ကာလီမူအမ်ဒိုကိုလည်း ပေါင် ၂၆ သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမူရရှိထားတာကြောင့် တိုက်စစ်ကစားသမား ၃ ယောက်အတွက် ပေါင်သန်း ၁၀၀ ကျော် အသုံးပြုခဲ့တာဖြစ်ပါတယ်။
နောင်တင်ဟမ်အသင်းဟာ ထိပ်တန်းအသင်းတွေက အလိုရှိနေတဲ့ ခံစစ်ကစားသမားတွေကို ဆက်ထိန်းနိုင်ခဲ့ပြီး တောင်ပံကစားသမား အီလန်ဂါကိုတော့ နယူးကာဆယ်ဆီ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်ခဲ့ပါတယ်။
Photo:Reuters