Home
အားကစား
အာဆင်နယ်က ထွက်ခွာမည့် အီဒူး နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင်နှင့် ဆွေးနွေး
DVB
·
November 5, 2024
Photo-Reuters

အာဆင်နယ်အသင်းကနေ ထွက်ခွာတော့မယ့် ဒါရိုက်တာ အီဒူးဟာ နော်တင်ဟမ်ဖောရက်စ် အသင်းပိုင်ရှင် မာရင်နာကစ်နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အာဆင်နယ်နဲ့ ဘရာဇီးကစားသမားဟောင်း အီဒူးဟာ ၂၀၁၉ ခုနှစ်ကတည်းက အသင်းဆီ ရောက်ရှိနေသူပါ။

လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းဘက်ကလည်း အီဒူးထွက်ခွာမယ့်အကြောင်း အတည်ပြုခဲ့ပြီး အီဒူးဘက်ကလည်း အသင်းပရိသတ်တွေကို နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းကို ပိုင်ဆိုင်တဲ့ ဂရိစီးပွားရေးလုပ်ငန်းရှင် မာရင်နာကစ်ဟာ အားကစားစီမံခန့်ခွဲရေး အုပ်စုတခုရှိပြီး နော်တင်ဟမ်အပြင် ဂရိကလပ် အိုလံပီယာကော့စ်၊ ပေါ်တူဂီကလပ် ရီယိုအာဗီ အစရှိတဲ့ အသင်းတွေကိုလည်း ပိုင်ဆိုင်ထားသူပါ။

အီဒူးအနေနဲ့ နော်တင်ဟမ်အသင်းကို တာဝန်ယူဖို့ မရှိသေးဘဲ ပိုင်ရှင် မာရင်နာကစ် လက်အောက်က ဘောလုံးအသင်းတသင်းကို ပြောင်းရွှေ့တာဝန်ယူဖို့ရှိတယ်လို့ သိရပါတယ်။

Photo : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013