အာဆင်နယ်အသင်းဟာ အချိန်ဆွဲကစားခဲ့တယ်လို့ လီဗာပူးနည်းပြ အာနဲစလော့က ဝေဖန်ပြစ်တင်သွားပါတယ်။
အောက်တိုဘာ ၂၇ ရက် တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်နဲ့ လီဗာပူးတို့ တဖက် ၂ ဂိုး စီသရေကျခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အာဆင်နယ်ကစားသမားတွေဟာ ဘောလုံး လက်ခံရရှိတိုင်းမှာ မြက်ခင်းပေါ် လှဲအိပ်နေကြကြောင်း၊ ဘောလုံးမှာ ဒီလိုမျိုး အကြိမ်ပေါင်းများစွာ လုပ်ဆောင်နေလို့ မဖြစ်ကြောင်း နည်းပြ စလော့က ဝေဖန်ပါတယ်။
အချိန်ဆွဲကစားမှုကြောင့် ကစားသမားတွေရဲ့ အရှိန်နှုန်းကို ကျဆင်းစေကြောင်း ပွဲကောင်းတပွဲ ဖြစ်ခဲ့ပြီး အာဆင်နယ်က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တာကတော့ လက်ခံကြောင်း နည်းပြ အာနဲစလော့က ဝန်ခံပါတယ်။
အာဆင်နယ်နဲ့ပွဲမှာ ဒိုင်လူကြီးကို စောဒကတက်လို့ အဝါကတ်ပြသခံခဲ့ရပြီး ချဲလ်ဆီးနဲ့ပွဲမှာလည်း အဝါထိထားတာကြောင့် ပွဲပယ်မခံရဖို့အတွက် နောက်ပွဲတွေမှာ ဆင်ခြင်သွားရမယ်လို့ နည်းပြ စလော့က ပြောသွားပါတယ်။