လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တောင်ပံကစားသမား ဘူကာရိုဆာကာ ပြန်လည်ပါဝင် ကစားနိုင်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အင်္ဂလန်ကစားသမားဟာ အသင်းရဲ့ နောက်ဆုံး ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့သူပါ။ ချန်ပီယံလိဂ်ပွဲစဉ် အပြီးမှာ ဆာကာလေ့ကျင့်ခန်းမဆင်းနိုင်သေးဘူးလို့နည်းပြကပြောခဲ့ပေမဲ့ လက်ရှိအချိန်မှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ ပြောပါတယ်။
ဆာကာအနေနဲ့ ပွဲချိန်ပြည့်ကစားနိုင်ဖို့တော့ မသေချာသေးဘဲ တနင်္ဂနွေပွဲမတိုင်ခင် စောင့်ကြည့်သွားရမှာဖြစ်တယ်လို့လည်း အာတေတာ ကပြောပါတယ်။
လီဗာပူးနဲ့ပွဲမှာ ဒူးဒဏ်ရာရရှိထားတဲ့ နောက်ခံလူ ကလာဖီအိုရီ ပါဝင်နိုင်ဦးမှာ မဟုတ်သလို ပွဲပယ်ခံထားရတဲ့ နောက်ခံလူ ဆာလီဘာလည်း လွဲချော်မှာပါ။
နောက်ခံလူ ဂျူလီယန် တင်းဘားရဲ့ ဒဏ်ရာအခြေအနေကိုလည်း စစ်ဆေးသွားမယ်လို့ နည်းပြအာတေတာက ပြောသွားပါတယ်။
Photo:Reuters