Home
အားကစား
မန်စီးတီးကို စိန်ခေါ်နိုင်မည့်အသင်း အာဆင်နယ်သာ ဖြစ်နိုင်ဟု နဗီးလ် သုံးသပ်
DVB
·
October 22, 2024
Photo - Reuters/Jason Cairnduff

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးကို စိန်ခေါ်နိုင်မယ့်အသင်းက လီဗာပူး မဖြစ်နိုင်ဘဲ အာဆင်နယ်သာ ဖြစ်နိုင်ကြောင်း အင်္ဂလန် နောက်ခံလူဟောင်း နဗီးလ်က ပြောသွားပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ဟာ လာမယ့်တပတ် တနင်္ဂနွေနေ့မှာ ထိပ်တိုက်တွေ့ဆုံတော့မှာပါ။

အဲဒီပွဲစဉ်မှာ လီဗာပူးက အနိုင်ရခဲ့မယ်ဆိုရင် အာဆင်နယ်ကို ၇ မှတ်အထိ ဖြတ်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်မှာပါ။

မန်ယူ နောက်ခံလူဟောင်း နဗီးလ်ကတော့  လီဗာပူးရဲ့ ခံစစ်စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းကောင်းမွန်နေပေမဲ့ ခရစ္စမတ်ကာလအထိ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ လီဗာပူးရဲ့ ရလဒ်ကောင်းမွန်မှုက ခဏတာအချိန်ကာလသာ ဖြစ်တယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်း နဗီးလ်က ပြောပါတယ်။

လီဗာပူးနည်းတူ ချဲလ်ဆီးအသင်းဟာလည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အဆင့်မှာ မရှိကြောင်း၊ မန်စီးတီးကို စိန်ခေါ်နိုင်မယ့် တသင်းတည်းသောအသင်းက အာဆင်နယ်အသင်းပဲရှိကြောင်း နဗီးလ်က စကိုင်းစပေါ့ရုပ်သံမှာ သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013