အသင်းရှိ ဒဏ်ရာရ ကစားသမားတွေ ပြန်လည်ကစားနိုင်ဖို့ နီးစပ်နေပြီလို့ အာဆင်နယ်နည်းပြ မီခေးလ်အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းမှာ အသင်းခေါင်းဆောင် မာတင်အိုဒီဂတ် အပါအဝင် နောက်ခံလူ ဂျူလီယန်တင်းဘား၊ ဂါဘရီရယ်နဲ့ ကလာဖီအိုရီတို့ ဒဏ်ရာကိုယ်စီရရှိခဲ့ကြတာပါ။
လက်ရှိအချိန်မှာတော့ နောက်ခံလူ ဂါဘရီရယ်ရဲ့ ဒဏ်ရာအခြေအနေ ကောင်းမွန်လာနေပြီး တင်းဘားရဲ့ အခြေအနေကလည်း ပြန်လည်ကောင်းမွန်နေပြီဖြစ်တယ်လို့ နည်းပြအာတေတာက ပြောပါတယ်။
အိုဒီဂတ်ဟာလည်းအသင်းနဲ့ အတူလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး ပွဲကစားနိုင်တဲ့ ကြံ့ခိုင်မှု ပြန်ရဖို့လိုအပ်တော့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ အခုတပတ် ကစားရမယ့်ပရက်စ်တန်နဲ့ လိဂ်ဖလားပွဲစဉ်ကနေ စတင်ပြီး နယူးကာဆယ်၊ အင်တာမီလန်၊ ချဲလ်ဆီး အသင်းတွေနဲ့ အဝေးကွင်းလေးပွဲဆက်တိုက် ကစားသွားရမှာ ဖြစ်ပါတယ်။