
တရုတ်နိုင်ငံတောင်ပိုင်းမှာ အပူပိုင်းမုန်တိုင်း ဖိုဒူကြောင့် မိုးသည်းလို့ ကွမ်တုံပြည်နယ်မှာ ရေကြီးခဲ့တဲ့အတွက် လမ်းပေါ်မှာ ကားတွေနစ်မြုပ်ကုန်တာကို သြဂုတ် ၁၄ ရက်က ရိုက်ကူးထားတဲ့ မျက်မြင်သက်သေတွေရဲ့ ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။
ဖှိုရှန်းမြို့ ချန်ချောင်ခရိုင်မှာရှိတဲ့ မြစ်တစင်းနဲ့ ဆင်တူတဲ့လမ်းပေါ်မှာ ကားတွေ သောင်တင်နေပါတယ်။
ဗီဒီယိုထဲက မီးတိုင်တွေ၊ အဆောက်အဦတွေ သစ်ပင်တွေနဲ့ကိုက်ညီတဲ့ ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ပုံတွေ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ရိုက်ကူးတဲ့ရက်စွဲကို သီးခြား အတည်မပြုနိုင်ပါဘူး။
ဖှိုရှန်း မိုးလေဝသစောင့်ကြည့်လေ့လာရေးဌာနက မြို့ရဲ့ နန်းဟိုင်နဲ့ စန်းရွှေခရိုင်တို့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုအတွက် အနီရောင်သတိပေးချက် အပါအဝင် မြို့အနှံ့သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဖိုဒူမုန်တိုင်းဟာ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူကျန့် ပြည်နယ် ကမ်းရိုးတန်းကို ဒေသစံတော်ချိန် ညသန်းခေါင်ကျော်မှာ ဖြတ်သန်းပြီး ကုန်းတွင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။
ထိုင်ဝမ်ကို လေတိုက်နှုန်း တနာရီ ၁၁၈ မိုင်နှုန်းအထိ တိုက်ခတ်ပြီးတဲ့နောက် အားပျော့ပြီး အပူပိုင်းမုန်တိုင်းအဖြစ် ရောက်သွားခဲ့ပါတယ်။
မုန်တိုင်းရဲ့ လက်ကျန်လေဝဲတွေဟာ အခုတော့ အနောက်မြောက်ဘက်ဆီ တနာရီ ၂၂ မိုင်နှုန်းနဲ့ ရွေ့လျားခဲ့လို့ တရုတ်နိုင်ငံတောင်ပိုင်းမှာ ပျက်စီးဆုံးရှုံးတာတွေ ရှိခဲ့ပါတယ်။
Source: Reuters