
မြန်မာအမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် အာဆီယံချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲဟာ ခက်ခဲလိမ့် မယ်လို့ ထိုင်းအမျိုးသမီးအသင်းနည်းပြ ဖူတိုရှိ အီကီဒါက သုံးသပ်ပြောပါတယ်။
မြန်မာနဲ့ ထိုင်းအသင်းတို့ဟာ ဩဂုတ် ၁၆ ရက် ဒီနေ့ ညနေ ၃ နာရီခွဲအချိန် ဗီယက်နမ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားကြမှာပါ။
ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့လို ကျေနပ်မိပေမဲ့ မြန်မာအသင်းက တောင့်တင်းတဲ့အသင်းဖြစ်လို့ ခက်ခဲမှာဖြစ်ကြောင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အိမ်ရှင်ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ ပြန်လည် ရုန်းထနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထိုင်းနည်းပြ အီကီဒါက ပြောသွားပါတယ်။
မြန်မာနည်းပြ တက်ဆိူရိုယူကီကတော့ အုပ်စုတွင်းမှာပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အားလုံးအတူတကွကြိုးစားခဲ့လို့ ဆီမီးဖိုင်နယ်ရောက်ခဲ့တာဖြစ်ကြောင်းနဲ့ ထိုင်းနဲ့ပွဲစဉ်မှာလည်း အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားနိုင်ဖို ပြင်ဆင်ထားကြောင်း ပြောပါတယ်။
တရက်တည်း ကစားသွားရမယ့် နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အိမ်ရှင် ဗီယက်နမ်က သြစတြေးလျယူ- ၂၃ အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။