
အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။
သြဂုတ် ၁၃ ရက် မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းက လက်ရှိချန်ပီယံ ဖိလစ်ပိုင်နဲ့ တဂိုးစီသရေကျခဲ့ပြီး အုပ်စုပထမနေရာကနေ ဆီမီးဖိုင်နယ် တက်ခဲ့တာပါ။
ထိုင်းအမျိုးသမီးအသင်းက အိမ်ရှင် ဗီယက်နမ် ပါဝင်တဲ့ အုပ်စု A မှာ ဒုတိယနေရာ ရခဲ့တာကြောင့် အုပ်စု B က ပထမရ မြန်မာအမျိုးသမီးအသင်းနဲ့ တွေ့ဆုံခဲ့တာပါ။
နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဗီယက်နမ်နဲ့ သြစတြေးလျ ယူ-၂၃ အသင်းတို့ တွေ့ဆုံပါတယ်။
ဆီမီးဖိုင်နယ် ၂ ပွဲကို လာမယ့် သြဂုတ် ၁၆ ရက်မှာ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။