
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကွမ်းစိုက်ပျိုးရေး လုပ်ကိုင်သူတွေ ကွမ်းစျေးကျတာကြောင့် ကွမ်းထွက်ကောင်းပေမဲ့ အရှုံးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကွမ်းစိုက်ပျိုးရေး လုပ်နေသူတွေဆီက သိရပါတယ်။
ကွမ်းစျေးက တပိဿာကို ကျပ်ငွေ ၈၀၀ ပဲရတာကြောင့် လုပ်အားခတောင် မကြေဘဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
ကွမ်းစိုက်တောင်သူတယောက်က “မနှစ်ကလည်း ကွမ်းခြံတွေရေမြုပ်လို့ အရှုံးပြခဲ့တာ၊ ဒီနှစ် ရေထပ်မမြုပ်ဘူးဆိုပြီး ပိုပြီးစိုက်ကြတာ၊ ကွမ်းစျေးကမကောင်းတော့ အရှုံးပြရပြန်ပြီ၊ တပိဿာကိုမှ ၈၀၀ အကောင်းဆုံး ပထမအတန်းစားမှ ၁,၀၀၀ စျေး ဖြစ်နေပြီ” လို့ ပြောပါတယ်။
မနှစ်က ကွမ်းဈေး တပိဿာကို ၁၅,၀၀၀၊ ၂၀,၀၀၀၊ ၃၀,၀၀၀ ကျပ်အထိ ရှိခဲ့ပေမဲ့ ဒီနှစ်မှာ အများကြီးကျဆင်းသွားလို့ ကွမ်းစိုက်တဲ့ တောင်သူအများစု အရှုံးပေါ်နေကြပြီး အလုပ်သမားတွေအတွက် လုပ်အားခနဲ့ ကွမ်းခြံအရင်းအနှီးကိုတောင် ပြန်ရဖို့မလွယ်ကူကြဘူးလို့ ဆိုပါတယ်။
မိရိုးဖလာ စိုက်ပျိုးရေးကိုသာ လုပ်ကိုင်စားသောက်နေကြရတာဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှု ပြဿနာအပြင် စိုက်ပျိုးရေးကထွက်လာတဲ့ သီးနှံစျေးကွက်တွေကပါ ဖရိုဖရဲဖြစ်နေကြရပြီး ကွမ်းစျေးကပါ အဆမတန် ထိုးကျလာတာကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ ဒေသခံတွေ အခက်တွေ့နေကြရကြောင်း ဆားလင်းကြီးဒေသခံတွေဆီက သိရပါတယ်။