Home
နိုင်ငံတကာ
ကျူးကျော်အိမ်ရာ စီမံကိန်း  အစ္စရေးပြန်စမည်
DVB
·
August 15, 2025
Photo :Reuters

ကာလရှည် ရွှေ့ဆိုင်းထားတဲ့ ကျူးကျော်အိမ်ရာ အစီအစဉ်တရပ်ကို စတင်မှာဖြစ်ကြောင်း အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ဘီဇာလယ် စမိုးထရစ်ချ်က ကြေညာပါတယ်။

ဒီအိမ်ရာကွက်ဟာ အနာဂတ် ပါလက်စတိုင်းနိုင်ငံရဲ့ မြို့တော် ဖြစ်လာရမယ်လို့ နိုင်ငံအများစုက လက်ခံထားတဲ့ အရှေ့ဂျေရုစလင်နဲ့ ပါလက်စတိုင်းနယ်နမိတ် နှစ်ခုထဲက တခုဖြစ်တဲ့ အနောက်ဘက်ကမ်းကြား ချိတ်ဆက်နေမှုကို ဖြတ်တောက်ပစ်မှာ ဖြစ်ပါတယ်။

“ပါလက်စတိုင်းနိုင်ငံအိုင်ဒီယာကို မြေမြှုပ်ပစ်ခြင်း” လို့ ခေါင်းစဉ်တပ်ထားတဲ့ ကြေညာချက်မှာ အနောက်ဘက်ကမ်းနဲ့ ဂျေရုစလင်က မူလရှိပြီး အိမ်ရာတွေကြားမှာ အစ္စရေး တိုးချဲ့ အခြေချသူတွေ အိမ် ၃,၄၀၁ လုံး ထပ်မံဆောက်လုပ်ဖို့ အစီအစဉ်ကို ဝန်ကြီးက အတည်ပြုလိုက်ပြီလို့ ဖော်ပြထားပါတယ်။

ဒီအစီအစဉ်ကို ဖျက်သိမ်းဖို့ ကုလသမဂ္ဂက အစ္စရေးကို တိုက်တွန်းလိုက်ပါတယ်။ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နဲ့ တခြား မဟာမိတ်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီလုပ်ရပ်ဟာ တရားမဝင်ကြောင်း ရှုတ်ချလိုက်ပါတယ်။

နယ်မြေကို တစစီဖြစ်အောင် ပိုင်းကန့်ခြားနားတာဟာ ဒေသငြိမ်းချမ်းရေး အစီအစဉ်တွေကို ပျက်စီးစေမယ်လို့ပါ သတိပေးလိုက်ပါတယ်။

မာအာလယ် အဒူမင်မှာ စီစဉ်ထားတဲ့ တိုးချဲ့အိမ်ရာ မြေနေရာမှာ ရပ်ပြီးတော့ ကိုယ်တိုင်လည်း အဲဒီလို ကျူးကျော်အခြေချသူ (settler) ဖြစ်တဲ့ ဝန်ကြီး စမိုးထရစ်ချ်က စီမံကိန်းပြန်စမယ်လို့ ကြေညာတာ ဖြစ်ပါတယ်။

EI ဖွံ့ဖြိုးရေးအစီအစဉ် ပြန်အသက်သွင်းတာကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့က သဘောတူထားပြီးဖြစ်တယ်လို့ပါ စမိုးထရစ်ချ်က ပြောပေမဲ့ နှစ်ဖက်စလုံးကနေ ဒီပြောစကားကို အတည်ပြုထားတာ မရှိသေးပါဘူး။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ တည်ငြိမ်တဲ့ အနောက်ဘက်ကမ်းဒေသဟာ အစ္စရေးကို လုံခြုံစေမှာဖြစ်ပြီးတော့ အမေရိကန်အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ဒေသမှာ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ကိုက်ညီတယ်လို့ တုံ့ပြန်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013