Home
မြန်မာသတင်း
စစ်တပ်က ဇူလိုင်လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၃ မှု ကျူးလွန်ခဲ့
DVB
·
August 14, 2025

၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းမှာ စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၃ မှုအထိ ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၃ မှုမှာ  အသက် ၁၈ နှစ်အောက် ကလေး ၁၇ ယောက် အပါအဝင် ပြည်သူ စုစုပေါင်း ၁၂၅ ယောက် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၅၀၇ မှု ကျူးလွန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း ပြည်သူ ၁၆၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဟာ ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှု အများဆုံးခံခဲ့ရတဲ့ ဒေသဖြစ်ပြီး ၅၉ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013