Home
နိုင်ငံတကာ
အမေရိကန် အခွန်စည်းကြပ်မှုကို အိန္ဒိယတွင် ကန့်ကွက်ဆန္ဒပြ
DVB
·
August 14, 2025
Photo: Reuters

အိန္ဒိယအလုပ်သမားတွေ၊ လယ်သမားတွေနဲ့ ကျောင်းသားတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတဝန်းမှာ ဩဂုတ် ၁၃ ရက်က စတင်ဆန္ဒပြနေကြပါတယ်။

အိန္ဒိယ အလုပ်သမားသမဂ္ဂများ စင်တာ (CITU) နဲ့ India Kisan Sabha (AIKS) သမဂ္ဂ အပါအဝင် ပူးပေါင်းထားတဲ့ အလုပ်သမားသမဂ္ဂတွေအတွက် အခင်းအကျင်းတရပ်ဖြစ်တဲ့ တနိုင်ငံလုံး ခုခံရေးနေ့လို့ ခေါ်တဲ့ နေ့မှာ မျိုးချစ်နိုင်ငံသားတွေအားလုံး ပါဝင်ဆင်နွှဲဖို့ တောင်းဆိုထားပါတယ်။ 

အိန္ဒိယအစိုးရဟာ အမေရိကန်ရဲ့ ကုန်သွယ်မှု ဖိအားတွေကို ပယ်ချဖို့၊ နိုင်ငံအားလုံးနဲ့ ကုန်သွယ်ရေး သူ့ရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်ကို အခိုင်အမာ တောင်းဆိုနေပါတယ်။ 

အိန္ဒိယမှာ အမေရိကန်ရဲ့ သွင်းကုန်တွေကို စွန့်ပစ်ရမယ့် အရေးကြီးတဲ့ နယ်ပယ်တွေထဲက တခုက နို့ထွက်ပစ္စည်း အဓိကပါ။ 

အိန္ဒိယလယ်သမား သန်း ၈၀ လောက်က တကယ်တော့ နို့စားနွားမွေးသူတွေ ဖြစ်ပြီး သူတို့ရဲ့ နို့နဲ့ နို့ထွက်ကုန်တွေက အိန္ဒိယဈေးကွက်မှာ မလိုအပ်တော့ဘူးလို့ လယ်သမားသမဂ္ဂ ခေါင်းဆောင် အင်ဒါဂျစ် ဆင်းဂ်က ပြောပါတယ်။

အိန္ဒိယတနိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာပါ။

ကုန်သွယ်ရေးဆွေးနွေးပွဲ ငါးကြိမ်မအောင်မမြင် ဖြစ်ပြီးတဲ့နောက် ရုရှားရေနံဝယ်ယူမှုနဲ့ ပတ်သက်ပြီး အိန္ဒိယအပေါ် အခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်ဖို့ အမေရိကန်အစိုးရရဲ့ အစီအစဉ်ကြောင့် ဆန္ဒပြပွဲ တွေ ပေါ်ပေါက်လာတာပါ။

အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာမိုဒီနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ဟာ လာမယ့်လမှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ဆက်စပ်စည်းဝေးပွဲမှာ တွေ့နိုင်တယ်လို့ The Indian Express သတင်းစာက အစီရင်ခံအပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013