
ဘရာဇီးနဲ့ ရုရှားတို့ဟာ နှစ်နိုင်ငံ စီးပွားရေးနဲ့ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ ရည်ရွယ်တဲ့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဘရာဇီး အစိုးရက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
နားလည်မှုစာချွန်လွှာဟာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်းဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ပုံမှန် နှစ်နိုင်ငံ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု ယန္တရားတခု ထူထောင်တာလည်း ဖြစ်ပါတယ်။
နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းလာစေဖို့ ခိုင်မာတဲ့ အစီအမံတွေ ဖော်ဆောင်ရေးအတွက် ကျွမ်းကျင်ကော်မတီတွေနဲ့ အုပ်ချုပ်မှုကောင်စီတွေကိုလည်း ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့၊ BRICS အဖွဲ့နဲ့ G20 တို့ရဲ့ မူဘောင်တွေအတွင်း အပြန်အလှန် အကျိုးပြုဖို့ နှစ်နိုင်ငံကြား သဘောတူခဲ့ကြပါတယ်။
Source: Reuters