Home
နိုင်ငံတကာ
ယူကရိန်း ရထားလမ်းကို ရုရှားတိုက်ခိုက်၊ ရုရှား ရေနံချက်စက်ရုံကို ယူကရိန်း ပစ်ခတ်
DVB
·
August 11, 2025
Photo: Paid Content from CHINA CENTRAL TELEVISION (CCTV),OTHER

ယူကရိန်းနိုင်ငံ အလယ်ပိုင်းက နစ်ပရိုပေထရို့ဗ်စ်ခ်  ဒေသမှာရှိတဲ့ မီးရထားလမ်း အချက်အချာကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ဩဂုတ် ၁၀ ရက်မှာ ပြောပါတယ်။

ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ဆာရာတို့ဗ်ဒေသက ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့တွေဟာ နစ်ပရိုပေစထရို့ဗ်စ်ခ် ဒေသက ရထားလမ်း အချက်အချာနေရာတခု အပါအဝင် နေရာ ၁၃၄ ခုမှာ ယူကရိန်းစစ်တပ် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး ဒွန်ဘတ်စ်ဒေသဆီ ယူကရိန်းတပ်ဖွဲ့ဝင်တွေ အင်အားဖြည့်တင်းမှုကို ဟန့်တားခဲ့တယ်၊ တာဝေးပစ် မောင်းသူမဲ့ လေယာဉ်တွေအတွက် သိုလှောင်ရုံတခုကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါ့အပြင် ရုရှားတပ်ဖွဲ့ဝင်တွေဟာ ဆူမွေ၊ ခါခိဗ်၊ ဇာပိုရစ်ချ်ဇီယာနဲ့ ခါဆွန်မြို့တွေဆီ သွားတဲ့ လမ်းကြောင်းတွေအတိုင်း ထိုးစစ်ဆင်ခဲ့ပြီး ယူကရိန်း သံချပ်ကာယာဉ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ သိုလှောင်ရုံတွေကို ဖျက်ဆီးခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ နစ်ပရိုပေထရို့ဗ်စ်ခ် ဒေသက ဒက္ခနယ်ရွာကို ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က တနင်္ဂနွေနေ့မှာ အစီရင်ခံ တင်ပြခဲ့ပါတယ်။

ရုရှားက အဲဒီရွာကို သိမ်းထားတယ်ဆိုတဲ့ အချက်က မှားတယ်လို့ ငြင်းဆိုထားပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းတပ်တွေက ဒေသတွင်းမှာ ချီတက်ဖို့ ရုရှားရဲ့ ကြိုးပမ်းမှုတွေကို ချေမှုန်းခဲ့ပြီး ရုရှားတပ်ဖွဲ့တွေ ထိခိုက်ကျဆုံးခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားနိုင်ငံ ဆာရာတို့ဗ်ဒေသက ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့လို့ စက်ရုံအတွင်း ပေါက်ကွဲ မီးလောင်ခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024